၄ ရာ 13:20-25 BJB

20 ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ်တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။

21 ဣသရေလလူတို့သည် လူတယောက်ကို သင်္ဂြိုဟ်စဉ်တွင်၊ မော်ဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချၖိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။

22 ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ၏။

23 ထာဝရဘုရားသည် သူတို့ကို သနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။

24 ရှုရိရှင်ဘုရင် ဟာဇေလသေ၍၊ သားတော်ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

25 ဟာဇေလသည် စစ်တိုက်၍ ယောခတ်မင်းလက်မှ နှုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟောရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ နှုတ်ယူ၏။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင်၍ ဣသရေလမြို့ရွာတို့ကို ရပြန်လေ၏။