6 သို့ရာတွင်၊ ရှုရိရှင်ဘုရင် ရေဇိန်သည် ဧလတ်မြို့ ကို ရှုရိနိုင်ငံ သို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည်လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
7 ထိုကြောင့်အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကို စေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။
8 တဖန်ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက် ၌၎င်း ရှိသော ရွှေငွေကိုယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။
9 အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာသက်မြို့သို့ စစ်ချီ၍ တိုက်ယူပြီးလျှင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်း သတ်၏။
10 အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီး ဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။
11 ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက် သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မှီ လုပ်နှင့်ပြီ။
12 ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသော အခါ၊ ထိုယဇ်ပလ္လင်ကို မြင်၍ ချဉ်းကပ်သဖြင့်၊