၄ ရာ 18:1-5 BJB

1 ဣသရေလရှင်ဘုရင်ဧလာသား ဟောရှေနန်းစံသုံးနှစ်တွင်၊

2 ယုဒရှင်ဘုရင် အာခတ်သား ဟေဇကိသည် အသက်နှစ် ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌နှစ်ဆယ်ကိုးနှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီးအာဘိအမည်ရှိ၏။

3 ထိုမင်းသည်အဘဒါဝိဒ်ကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။

4 မြင့်သောအရပ်တို့ကိုပယ်၏။ ရုပ်တုဆင်းတုတို့ကိုချိုးဖဲ့၏။ အာရှရပင်တို့ကို ခုတ်လှဲ၏။ မောရှေလုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်း ဖြတ်၏။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ထိုကာလတိုင်အောင်၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုမြွေကိုနဟုတ္တန်အမည်ဖြင့် မှည့်သတည်း။

5 ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို ထိုမင်းခိုလှုံသကဲ့သို့၊ သူ့နောက်မှာခိုလှုံသော ယုဒရှင်ဘုရင် တယောက်မျှမရှိ။ ရှေ့ကာလ၌လည်းမရှိ။