၄ ရာ 23:11-17 BJB

11 ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန် တော်ဝင်းပြင် အရာရှိနာသမ္မေလက်အိမ်နား၊ ဝင်းတော် တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။

12 ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့် အပေါ်မှာတည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် တည်ထားသော ပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချ ချေဖျက်၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ ပစ်တော်မူ၏။

13 ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့၊ ဖျက်ဆီးခြင်းတောင်လက်ျာဘက်၌ ရွံရှာဘွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဘွယ်သော မောဘဘုရား ခေမုရှ၊ ရွံရှာဘွယ်သော အမ္မုန်ဘုရားမိလကုံအဘို့ တည်သော ကုန်းတို့ကို လည်း ရှင်ဘုရင် ညစ်ညူးစေတော်မူ၏။

14 ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့ နှင့် ပြည့်စေတော်မူ၏။

15 ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် ၏သား ယေရောဗောင်သည်၊ ဗေသလမြို့၌တည်သော ကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက် ညက်ခြေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။

16 ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာရှိသော သင်္ချၖိုင်းကို မြင်သောအခါ၊ လူကို စေလွှတ်၍ ထိုသင်္ချၖိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီး လျှင်၊ ထိုအမှုကို အထက်ကဘော်ပြသော ဘုရားသခင်၏လူ ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ညစ်ညူးစေတော် မူ၏။

17 ယောရှိမင်းကလည်း၊ ငါမြင်သော ထိုမှတ် ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင်၊ မြို့သားတို့က၊ ကိုယ်တော်သည် ဗေသလယဇ် ပလ္လင်၌ပြုတော်မူသော အမှုကို၊ ယုဒပြည်မှလာ၍ ဘော်ပြသော ဘုရားသခင်၏လူသင်္ချၖိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော်၊