16 စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ၊ ခွန်အားကြီးသော လူခုနစ်ထောင်၊ အထူးထူးအပြားအပြားသော ဆရာသမားတထောင်တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။
17 ဗာဗုလုန် ရှင်ဘုရင်သည် ယေခေါနိ ဘထွေးတော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။
18 ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီးဟာမုဘာလအမည်ရှိ၏။
19 ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
20 ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။