၄ ရာ 4:15-21 BJB

15 တဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ်၍၊ မိန်းမသည် တံခါးဝမှာရပ်နေ၏။

16 ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန်အရွယ်စေ့သောအခါ သားကို ဘက်ယမ်းရလိမ့်မည်ဟု ဆိုလျှင်၊ မိန်းမက အိုအရှင်၊ဘုရားသခင်၏လူ၊ ကိုယ်တော် ကျွန်မကို မုသာမသုံးပါနှင့်ဟု ပြန်ပြော၏။

17 ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲ ချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဘွားမြင်လေ၏။

18 ထိုသားသည် နို့ကွာပြီးမှ၊ တနေ့သ၌ စပါးရိတ် သောသူတို့ရှိရာ မိမိအဘထံသို့သွား၍၊

19 ငါသည်ခေါင်းနာ၏။ ခေါင်းနာ၏ဟု အဘအားပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော၏။

20 လုလင်သည်အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ ထိုင်၍မွန်းတည့်အချိန်ရှိပြီးမှ သေ၏။

21 အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့် လူ၏ခုတင်ပေါ်မှာ ထားပြီးလျှင်၊ တံခါးကို ပိတ်ခဲ့၍ သွားလေ၏။