၄ ရာ 4:6-12 BJB

6 အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက်နေ၏။

7 ထိုမိန်းမသည်လာ၍ ဘုရားသခင်၏ လူကို ကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။

8 တနေ့သ၌ ဧလိရှဲသည်ရှုနင်မြို့သို့ သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ၏။ နောက်မှထိုလမ်းသို့ သွားသောအခါ၊ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ်၏။

9 မိန်းမကလည်း၊ ငါတို့နေရာလမ်းဖြင့် အစဉ် သွားလာသော ဤသူသည် ဘုရားသခင်၏သန့်ရှင်းသူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။

10 ဝင်ရိုးအပေါ်မှာ အခန်းငယ်တခုကို လုပ်ကြကုန်အံ့။ သူ့အဘို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကို ထားကြကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ ဆီသို့ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို၏။

11 တနေ့သ၌ ဧလိရှဲသည် ရောက်သဖြင့်၊ ထိုအခန်းထဲသို့ဝင်၍ အိပ်နေ၏။

12 ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန် ဂေဟာဇိအားဆိုသည်အတိုင်းခေါ်၍၊ မိန်းမသည် ဧလိရှဲ ရှေ့မှာ ရပ်နေ၏။