1 ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်းနေမန်သည် မိမိ သခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရ သောအခွင့်ကို ထာဝရဘုရားပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။
2 ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ချီသွားစဉ်တွင်၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ် တယောက်သည် နေမန်၏မယားထံ၌ ကျွန်ခံရ၏။
3 ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့ ၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌ စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။
4 နေမန်သည် မိမိအရှင်ထံသို့ ဝင်၍ဣသရေလ အမျိုးမိန်းမငယ်စကားကို ပြန်လျှောက်၏။