၄ ရာ 5:4-10 BJB

4 နေမန်သည် မိမိအရှင်ထံသို့ ဝင်၍ဣသရေလ အမျိုးမိန်းမငယ်စကားကို ပြန်လျှောက်၏။

5 ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့်တော်အတိုင်း၊ နေမန်သည် ငွေအခွက်တရာ၊ ရွှေအခွက် ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊

6 ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင်၏စာကို သွင်းလေ၏။ စာ၌ပါသော အချက်ဟူမူကား၊ ကိုယ်တော်သည် ငါ့ကျွန်နေမန်၏နူနာကို ပျောက်စေခြင်းငှါ သူ့ကို ဤစာနှင့် အတူငါစေလွှတ်သည်ဟု ပါသတည်း။

7 ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ၊ မိမိအဝတ်ကို ဆုတ်၍၊ ငါသည်အသက်ပေးပိုင်၊ နှုတ်ပိုင်သော ဘုရားဖြစ်သောကြောင့်၊ ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့စေလွှတ်သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ကို အဘယ်မျှလောက်ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို၏။

8 ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကို ဆုတ် သည်ဟု ဘုရားသခင်၏ လူဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ။ ဣသရေလ ပြည်၌ ပရောဖက်ရှိသည်ကိုသိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။

9 ထိုကြောင့်၊ နေမန်သည် မြင်းရထားကို စီးသွား၍ ဧလိရှဲအိမ်ရှေ့ မှာ ရပ်နေ၏။

10 ဧလိရှဲက၊ သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင် အောင်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ်၍ ပြောစေ၏။