၄ ရာ 8:4-10 BJB

4 ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ၏ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဘွယ်သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊

5 ဧလိရှဲသည် သေသောသူ အသက်ရှင်စေကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက်ရှင်စေသောသူငယ်၏ အမိသည်ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသော မိန်းမ၊ ဤသူငယ်ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါသည်ဟု လျှောက်လျှင်၊

6 ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်း သက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကို ၎င်း၊ ပြည်တော်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ ဖြစ်သမျှကို၎င်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှါ အရာရှိ၏တယောက်ကို ခန့်ထားတော်မူ၏။

7 တဖန်ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရားသခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေသော်။

8 ဟာဇေလကို ခေါ်၍၊ သင်သည်လက်ဆောင်ကို ဆောင်လျက် ဘုရားသခင်၏ လူကိုခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည် အတိုင်း၊

9 ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ်မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကို ဆောင် သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှါသွား၍ ရှေ့တော်၌ ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို၏။

10 ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော်သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော်လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊