11 ထိုအခါ ယေဟုသည် မိမိသခင်၏ ကျွန်တို့ရှိရာသို့ ထွက်၍၊ တယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကို၎င်း၊ သူပြောသော စကားကို၎င်း သိကြ၏ဟုဆိုသော်၊
12 သူတို့က ငါတို့မသိ။ ပြောပါလော့ဟု ဆိုပြန် သော်၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော၏။ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊
13 သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟုအောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။
14 ထိုသို့နိမ်ရှိသားယောရှဖတ်၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူအပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏။
15 သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင်ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွားနှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလမြို့သို့သွား၍ သိတင်းကြားပြောရသော သူတစုံတယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင်၏။
16 ထိုသို့ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေ သောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့ သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ။
17 ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှါ သွား၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊