ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:14-18 MSB

14 သို့​ဖြစ်​၍ ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ထို​အ​ရာ​များ​ကို​စောင့်​မျှော်​နေ​ကြ​သည်​ဖြစ်​၍ အ​စွန်း​အ​ထင်း​ကင်း​လျက် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သူ​အ​ဖြစ် ကိုယ်​တော်​၏​ရှေ့​တော်​သို့ ငြိမ်း​ချမ်း​စွာ​ရောက်​ရှိ​နိုင်​ရန် ကြိုး​စား​ကြ​လော့။

15 ငါ​တို့​ချစ်​သော​ညီ​အစ်​ကို​ပေါ​လု​သည်​လည်း သူ​၌​ပေး​အပ်​ထား​တော်​မူ​သော ဉာဏ်​ပ​ညာ​နှင့်​အ​ညီ သင်​တို့​ထံ​ရေး​လိုက်​သည့်​အ​တိုင်း ငါ​တို့​သ​ခင်​ဘု​ရား​၏​စိတ်​ရှည်​တော်​မူ​ခြင်း​သည် ကယ်​တင်​ခြင်း​အ​တွက်​ဖြစ်​သည်​ဟု မှတ်​ယူ​ကြ​လော့။

16 သူ​သည် အ​ခြား​စာ​အား​လုံး​ထဲ​တွင်​လည်း ဤ​အ​ကြောင်း​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ပြော​ထား​၏။ ထို​စာ​များ​ထဲ​တွင် နား​လည်​ရန်​ခက်​ခဲ​သော​အ​ရာ​အ​ချို့​ရှိ​၏။ အ​သိ​ပ​ညာ​မဲ့​၍ မ​တည်​ကြည်​သော​သူ​တို့​သည် အ​ခြား​သော​ကျမ်း​များ​အ​ပေါ်​၌​လည်း​ပြု​သ​ကဲ့​သို့ ထို​စာ​၏​အ​နက်​ကို လို​ရာ​ဆွဲ​၍ မိ​မိ​တို့​ကိုယ်​ကို ပျက်​စီး​ခြင်း​သို့​ရောက်​စေ​ကြ​၏။

17 ထို့​ကြောင့် ချစ်​ရ​သော​သူ​တို့၊ ဤ​အ​ရာ​တို့​ကို သင်​တို့​သိ​ထား​နှင့်​ပြီ​ဖြစ်​၍ စောင့်​စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​မှား​ယွင်း​ခြင်း​သို့ လိုက်​ပါ​သွား​လျက် မိ​မိ​တို့​၏​တည်​ကြည်​မှု​ကို မ​ဆုံး​ရှုံး​စေ​ရန် မိ​မိ​ကိုယ်​ကို​စောင့်​ထိန်း​ကြ​လော့။

18 ငါ​တို့​၏​သ​ခင်​နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​၌​လည်း​ကောင်း၊ ကိုယ်​တော်​ကို​သိ​သော​ဉာဏ်​၌​လည်း​ကောင်း ကြီး​ထွား​ကြ​လော့။ ယ​ခု​မှ​စ​၍ ထာ​ဝ​ရ​နေ့​ရက်​ကာ​လ​တိုင်​အောင် ကိုယ်​တော်​၌ ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။