ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:9-13 MSB

9 ခ​ရစ်​တော်​၏​သွန်​သင်​ချက်​၌​မ​တည်​ဘဲ ၎င်း​ကို​ကျော်​လွန်​သော​သူ​တိုင်း​သည် ဘု​ရား​သ​ခင်​ကို​မ​ရ​ရှိ​ပေ။ ထို​သွန်​သင်​ချက်​၌​တည်​သော​သူ​သည် ခ​မည်း​တော်​နှင့်​သား​တော်​ကို​ရ​ရှိ​၏။

10 ဤ​သွန်​သင်​ချက်​မ​ပါ​သော​သူ​သည် သင်​တို့​ထံ​သို့​လာ​လျှင် သူ့​ကို အိမ်​၌​လက်​မ​ခံ​ကြ​နှင့်။ နှုတ်​ခွန်း​လည်း​မ​ဆက်​ကြ​နှင့်။

11 အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​ကို​နှုတ်​ခွန်း​ဆက်​လျှင် သူ​၏​ဆိုး​ညစ်​သော​အ​မှု​၌ ပါ​ဝင်​ရာ​ရောက်​၏။

12 သင်​တို့​ထံ ငါ​ရေး​စ​ရာ​များ​စွာ​ရှိ​သော်​လည်း စက္ကူ​နှင့်​မင်​ဖြင့်​ငါ​မ​ရေး​လို​ပေ။ ငါ​တို့​၏​ဝမ်း​မြောက်​ခြင်း​ပြည့်​ဝ​စုံ​လင်​မည့်​အ​ကြောင်း သင်​တို့​ထံ​သို့​လာ​၍ မျက်​နှာ​ချင်း​ဆိုင်​စ​ကား​ပြော​ဆို​ရန် ငါ​မျှော်​လင့်​ထား​၏။

13 ရွေး​ကောက်​ခံ​ရ​သော သင့်​ညီ​မ​၏​သား​သ​မီး​တို့​သည် သင့်​ကို​နှုတ်​ဆက်​ကြ​၏။