ဗျာ​ဒိတ် 17:4-10 BCL

4 အ​မျိုး​သ​မီး​သည်​အ​နီ​နှင့်​မ​ရမ်း​စေ့​ရောင် အ​ဝတ်​များ​ကို​ဝတ်​လျက်​ရွှေ​တန်​ဆာ၊ ငွေ​တန် ဆာ၊ ကျောက်​မျက်​ရ​တ​နာ​တန်​ဆာ၊ ပု​လဲ​တန် ဆာ​များ​ကို​ဆင်​ယင်​ထား​၏။ သူ​သည်​ကာ​မ ဂုဏ်​လိုက်​စား​မှု​ဆိုင်​ရာ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ကောင်း​သော​ညစ်​ညမ်း​မှု​များ​နှင့်​ပြည့်​နေ သည့်​ရွှေ​ဖ​လား​ကို​ကိုင်​ထား​၏။-

5 သူ​၏​န​ဖူး​ပေါ်​တွင်``ပြည့်​တန်​ဆာ​အ​ပေါင်း​နှင့် လော​က​၌​စက်​ဆုပ်​ဖွယ်​ရာ​များ​၏​မိ​ခင်၊ ဗာ​ဗု လုန်​မြို့​ကြီး'' ဟူ​၍​လျှို့​ဝှက်​သည့်​အ​နက်​ရှိ သော​ကမ္ပည်း​ကို​ရေး​ထိုး​ထား​၏။-

6 ထို​အ​မျိုး​သ​မီး​သည်​ဘု​ရား​သ​ခင်​လူ​စု​တော် ၏​သွေး​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ကို​သစ္စာ ရှိ​သ​ဖြင့် အ​သတ်​ခံ​ရ​သူ​တို့​၏​သွေး​ကို​လည်း ကောင်း​သောက်​၍​ယစ်​မူး​လျက်​ရှိ​သည်​ကို​ငါ တွေ့​မြင်​ရ​၏။သူ့​ကို​မြင်​ရ​သော​အ​ခါ​ငါ​သည်​လွန်​စွာ အံ့​သြ​၍​နေ​၏။-

7 ကောင်း​ကင်​တ​မန်​က​အ​ဘယ်​ကြောင့်​အံ့​သြ သ​နည်း။ ထို​အ​မျိုး​သ​မီး​၏​လျှို့​ဝှက်​သည့် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​လည်း​ကောင်း၊ သူ​ထိုင်​နေ သော​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​သည့်​သား​ရဲ​၏​လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​လည်း​ကောင်း​ငါ​ပြော​ပြ​မည်။-

8 သင်​မြင်​ရ​သည့်​သား​ရဲ​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​ခဲ့​သော်​လည်း ယ​ခု​အ​သက်​မ​ရှင် တော့​ပေ။ သူ​သည်​တွင်း​နက်​ကြီး​ထဲ​မှ​တက်​လာ ပြီး​လျှင် ဖျက်​ဆီး​ခြင်း​ခံ​ရ​ပေ​တော့​မည်။ ကမ္ဘာ လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် အ​သက်​စာ​စောင်​စာ​ရင်း​တွင်​မ​ပါ​ဝင်​သူ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ထို​သား​ရဲ​ကို မြင်​သော​အ​ခါ​အံ့​သြ​ကြ​လိမ့်​မည်။ သူ​သည် အ​ခါ​တစ်​ပါး​က​အ​သက်​ရှင်​ခဲ့​၏။ ယ​ခု အ​သက်​မ​ရှင်​တော့​သော်​လည်း​နောက်​တစ်​ဖန် အ​သက်​ရှင်​၍​လာ​ဦး​မည်။

9 ``ဤ​အ​မှု​အ​ရာ​နှင့်​ပတ်​သက်​၍​ဉာဏ်​ပညာ​နှင့် အ​သိ​တ​ရား​ရှိ​ရန်​လို​ပေ​သည်။ ဦး​ခေါင်း​ခု​နစ် လုံး​သည်​အ​မျိုး​သ​မီး​ထိုင်​နေ​သည့်​တောင်​ခု​နစ် လုံး​ကို​ဆို​လို​၏။ ရှင်​ဘု​ရင်​ခု​နစ်​ပါး​ကို​လည်း ဆို​လို​၏။-

10 ရှင်​ဘု​ရင်​ငါး​ပါး​ကား​ကျ​ဆုံး​သွား​လေ​ပြီ။ တစ်​ပါး​သည်​အ​သက်​ရှင်​လျက်​ရှိ​၏။ အ​ခြား တစ်​ပါး​မှာ​မ​ပေါ်​ထွန်း​သေး​ပေ။ ပေါ်​ထွန်း လာ​လျှင်​လည်း​ခ​ဏ​မျှ​သာ​အုပ်​စိုး​ရ​လိမ့်​မည်။-