1 ထိုနောက်ကောင်းကင်တမန်လေးပါးတို့သည် ကမ္ဘာမြေကြီးစွန်းအရပ်လေးမျက်နှာတွင် ရပ်လျက်နေသည်ကိုငါမြင်ရ၏။ သူတို့သည် ကုန်းမြေပေါ်နှင့်ပင်လယ်ပြင်၌သော်လည်းကောင်း၊ သစ်ပင်များကိုသော်လည်းကောင်းလေမတိုက် ခတ်နိုင်စေရန် အရပ်လေးမျက်နှာမှလေတို့ ကိုဆွဲကိုင်ထားကြ၏။-
2 ထိုနောက်အသက်ရှင်တော်မူသောဘုရားသခင် ၏တံဆိပ်တော်ကို ကိုင်ဆောင်လာသောကောင်းကင် တမန်တစ်ပါးသည် အရှေ့အရပ်မှတက်လာ သည်ကိုငါမြင်ရ၏။ သူသည်ကုန်းမြေနှင့် ပင်လယ်တို့ကိုဘေးဥပဒ်သင့်စေနိုင်ခွင့်ကို ရရှိထားသည့်ကောင်းကင်တမန်လေးပါး တို့အား၊-
3 ``ငါတို့ဘုရားသခင်၏အစေခံတို့နဖူး တွင်တံဆိပ်တော်ကိုငါတို့မခတ်နှိပ်ရသေး မီသင်တို့သည်ကုန်းမြေ၊ ပင်လယ်၊ သစ်ပင်တို့ အားမည်သို့မျှဘေးဥပဒ်မသက်ရောက်စေ ကြနှင့်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။-
4 ထိုနောက်တံဆိပ်ခတ်နှိပ်ထားသူတို့၏အရေ အတွက်ကိုငါကြားသိရ၏။ ယင်းအရေ အတွက်မှာတစ်သိန်းလေးသောင်းလေးထောင် ရှိ၍ ဣသရေလတစ်ဆယ့်နှစ်နွယ်ဖြစ်ကြသော၊-
5-8 ယုဒအနွယ်၊ ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ အာရှာ အနွယ်၊ နဿလိအနွယ်၊ မနာရှေအနွယ်၊ ရှိမောင် အနွယ်၊ လေဝိအနွယ်၊ ဣသခါအနွယ်၊ ဇာဗုလုန် အနွယ်၊ ယောသပ်အနွယ်၊ ဗင်ယာမိန်အနွယ်တို့ မှတစ်နွယ်လျှင် တစ်သောင်းနှစ်ထောင်တံဆိပ် ခတ်နှိပ်ခြင်းကိုခံရကြသတည်း။
9 ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-
10 သူတို့က``ကယ်တင်ခြင်းကျေးဇူးသည်ပလ္လင် တော်ပေါ်မှာစံတော်မူသော ငါတို့ဘုရား သခင်နှင့်သိုးသူငယ်တော်ထံမှသက်ရောက် လာ၏'' ဟုကြီးသောအသံနှင့်ကြွေးကြော် ကြ၏။-
11 ကောင်းကင်တမန်အပေါင်းတို့သည်ပလ္လင် တော်ကိုလည်းကောင်း၊ အကြီးအကဲများ နှင့်သက်ရှိသတ္တဝါလေးပါးတို့ကိုလည်း ကောင်းဝိုင်းရံလျက်ရပ်ကြ၏။ ထိုနောက်သူ တို့သည်ပလ္လင်တော်ရှေ့၌ပျပ်ဝပ်ကာဘုရား သခင်အားရှိခိုးကြ၏။-
12 သူတို့က``အာမင်။ ငါတို့ဘုရားသခင်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းထောမနာပြု ကြစေသတည်း။ ကိုယ်တော်သည်ဘုန်းတန်ခိုး၊ ဉာဏ်ပညာ၊ ဂုဏ်အသရေတို့နှင့်ပြည့်စုံ တော်မူပါစေသတည်း။ ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါစေ သတည်း။ ``အာမင်'' ဟုမြွက်ဆိုကြ၏။
13 အကြီးအကဲတစ်ပါးကငါ့အား``ဝတ်ဖြူစင် ကြယ်ဝတ်ဆင်ထားသူတို့သည်မည်သူတို့နည်း။ အဘယ်အရပ်ကလာကြသနည်း'' ဟုမေး၏။
14 ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-
15 ထိုကြောင့်သူတို့သည်ဘုရားသခင်၏ပလ္လင် တော်ရှေ့သို့ရောက်ရှိ၍ ကိုယ်တော်၏ဗိမာန် တော်တွင်နေ့ညဥ့်မပြတ်ဝတ်ပြုနေခြင်း ဖြစ်၏။ ပလ္လင်တော်ပေါ်စံနေတော်မူသော အရှင်သည်လည်းသူတို့နှင့်အတူရှိ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။-
16 သူတို့သည်နောက်တစ်ဖန်အစာရေစာ မငတ်မွတ်ရကြ။ နေရောင်ခြည်သည်လည်း ကောင်း၊ ပြင်းထန်သောအပူရှိန်သည်လည်း ကောင်းသူတို့အပေါ်သို့မကျရောက်ရ။-
17 အဘယ်ကြောင့်ဆိုသော်ပလ္လင်တော်အလယ် တွင်ရှိတော်မူသော သိုးသူငယ်တော်သည် သူတို့အားစောင့်ထိန်းကြည့်ရှု၍ အသက် စမ်းရေရှိရာအရပ်သို့ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည် လည်းသူတို့၏မျက်ရည်ရှိသမျှကိုသုတ် တော်မူလိမ့်မည်'' ဟုဆို၏။