ဗျာ​ဒိတ် 17:7-13 BCL

7 ကောင်း​ကင်​တ​မန်​က​အ​ဘယ်​ကြောင့်​အံ့​သြ သ​နည်း။ ထို​အ​မျိုး​သ​မီး​၏​လျှို့​ဝှက်​သည့် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​လည်း​ကောင်း၊ သူ​ထိုင်​နေ သော​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​သည့်​သား​ရဲ​၏​လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​လည်း​ကောင်း​ငါ​ပြော​ပြ​မည်။-

8 သင်​မြင်​ရ​သည့်​သား​ရဲ​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​ခဲ့​သော်​လည်း ယ​ခု​အ​သက်​မ​ရှင် တော့​ပေ။ သူ​သည်​တွင်း​နက်​ကြီး​ထဲ​မှ​တက်​လာ ပြီး​လျှင် ဖျက်​ဆီး​ခြင်း​ခံ​ရ​ပေ​တော့​မည်။ ကမ္ဘာ လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် အ​သက်​စာ​စောင်​စာ​ရင်း​တွင်​မ​ပါ​ဝင်​သူ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ထို​သား​ရဲ​ကို မြင်​သော​အ​ခါ​အံ့​သြ​ကြ​လိမ့်​မည်။ သူ​သည် အ​ခါ​တစ်​ပါး​က​အ​သက်​ရှင်​ခဲ့​၏။ ယ​ခု အ​သက်​မ​ရှင်​တော့​သော်​လည်း​နောက်​တစ်​ဖန် အ​သက်​ရှင်​၍​လာ​ဦး​မည်။

9 ``ဤ​အ​မှု​အ​ရာ​နှင့်​ပတ်​သက်​၍​ဉာဏ်​ပညာ​နှင့် အ​သိ​တ​ရား​ရှိ​ရန်​လို​ပေ​သည်။ ဦး​ခေါင်း​ခု​နစ် လုံး​သည်​အ​မျိုး​သ​မီး​ထိုင်​နေ​သည့်​တောင်​ခု​နစ် လုံး​ကို​ဆို​လို​၏။ ရှင်​ဘု​ရင်​ခု​နစ်​ပါး​ကို​လည်း ဆို​လို​၏။-

10 ရှင်​ဘု​ရင်​ငါး​ပါး​ကား​ကျ​ဆုံး​သွား​လေ​ပြီ။ တစ်​ပါး​သည်​အ​သက်​ရှင်​လျက်​ရှိ​၏။ အ​ခြား တစ်​ပါး​မှာ​မ​ပေါ်​ထွန်း​သေး​ပေ။ ပေါ်​ထွန်း လာ​လျှင်​လည်း​ခ​ဏ​မျှ​သာ​အုပ်​စိုး​ရ​လိမ့်​မည်။-

11 အ​ခါ​တစ်​ပါး​က​အ​သက်​ရှင်​ခဲ့​၍​ယ​ခု အ​သက်​မ​ရှင်​တော့​သည့်​သား​ရဲ​သည်​အ​ဋ္ဌ​မ မြောက်​ဘု​ရင်​ဖြစ်​၏။ သူ​သည်​ဘု​ရင်​ခု​နစ်​ပါး တို့​တွင်​အ​ပါ​အ​ဝင်​ဖြစ်​၏။ သူ​သည်​ကား သေ​ကျေ​ပျက်​စီး​ရ​မည့်​သူ​ဖြစ်​သ​တည်း။

12 ``သင်​မြင်​ရ​သည့်​ဦး​ချို​ဆယ်​ချောင်း​တို့​သည် မင်း အာ​ဏာ​စက်​ကို​မ​ရ​သေး​သော​ရှင်​ဘု​ရင်​ဆယ် ပါး​ဖြစ်​၏။ သူ​တို့​သည်​သား​ရဲ​နှင့်​အ​တူ​တစ် နာ​ရီ​စီ​အုပ်​စိုး​ခွင့်​ရ​မည့်​သူ​များ​ဖြစ်​သည်။-

13 ထို​ဘု​ရင်​များ​တွင်​ရည်​ရွယ်​ချက်​တစ်​ခု​တည်း​ရှိ ၏။ သူ​တို့​သည်​မိ​မိ​တို့​တန်​ခိုး​အာ​ဏာ​များ​ကို သား​ရဲ​သို့​ပေး​အပ်​ကြ​၏။-