ဗျာ​ဒိတ် 18:13-19 BCL

13 သစ်​ကြံ​ပိုး၊ ဟင်း​ခပ်​အ​မွှေး​အ​ကြိုင်၊ နံ့​သာ​ပေါင်း၊ မု​ရန်၊ ဆီ​မွှေး။ လော်​ဗန်၊ စ​ပျစ်​ရည်၊ ဆီ၊ ဂျုံ​မှုန့်၊ ဂျုံ​ဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရ​ထား၊ ကျွန်၊ လူ့​အ​သက်​များ ပင်​ဖြစ်​လေ​သည်။-

14 ကုန်​သည်​ကြီး​များ​က​ထို​မြို့​အား``သင်​လို​ချင် တောင့်​တ​သည့်​အ​ရာ​များ​သည်​မ​ရှိ​တော့​ပြီ။ စည်း စိမ်​ချမ်း​သာ​ဂုဏ်​ကျက်​သ​ရေ​တို့​သည်​လည်း​ကွယ် ပျောက်​သွား​လေ​ပြီ။ ထို​အ​ရာ​များ​ကို​သင်​သည် နောက်​တစ်​ဖန်​ရ​ရှိ​တော့​မည်​မ​ဟုတ်'' ဟု​ဆို ကြ​၏။-

15 ဗာ​ဗု​လုန်​မြို့​ကို​အ​မှီ​ပြု​၍​ထို​ကုန်​ပစ္စည်း​များ ကို​ရောင်း​ဝယ်​ခြင်း​အား​ဖြင့်​ချမ်း​သာ​ကြွယ်​ဝ လာ​သော​ကုန်​သည်​ကြီး​များ​သည်​ထို​မြို့​ခံ​ရ သည့်​ဒဏ်​ကြောင့်​ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး မှ​ရပ်​လျက်၊-

16 ``ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ပိတ်​ချော၊ မ​ရမ်း စေ့​ရောင်​ပိုး​ထည်၊ အ​နီ​ရောင်​အ​ဝတ်​အ​ထည်၊ ရွှေ တန်​ဆာ၊ ကျောက်​မျက်​ရ​တ​နာ​တန်​ဆာ၊ ပု​လဲ တန်​ဆာ​များ​ကို​ဝတ်​ဆင်​ထား​သော​မြို့​ကြီး​သည်၊-

17 မိ​မိ​၌​ရှိ​သ​မျှ​ကို​တစ်​နာ​ရီ​အ​တွင်း​၌ ဆုံး​ရှုံး​ရ​ပါ​သည်​တ​ကား'' ဟု​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ခပ်​သိမ်း​သော​ရေ​ယာဉ်​မှူး​များ​နှင့်​ခ​ရီး​သည် အ​ပေါင်း​တို့​သည်​လည်း​ကောင်း၊ သင်္ဘော​သား​များ နှင့်​ရေ​ကြောင်း​ကုန်​သွယ်​မှု​ကို​ပြု​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ကောင်း​အ​ဝေး​က​ရပ်​လျက်​နေ ကြ​၏။-

18 ထို​မြို့​ကို​ကျွမ်း​လောင်​စေ​သည့်​မီး​လျှံ​များ​မှ မီး​ခိုး​များ​ကို​မြင်​သော​အ​ခါ​သူ​တို့​က``အ​ဘယ် အ​ခါ​၌​မျှ​ဤ​မြို့​ကဲ့​သို့​ကြီး​ကျယ်​ခမ်း​နား သည့်​မြို့​မ​ရှိ​ခဲ့​ဘူး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။-

19 သူ​တို့​သည်​မြေ​မှုန့်​များ​ကို​မိ​မိ​တို့​အ​ပေါ်​သို့​ကြဲ ဖြန့်​လျက်``ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ပင်​လယ် ကူး​သင်္ဘော​ပိုင်​ရှင်​အ​ပေါင်း​အား​ကြွယ်​ဝ​ချမ်း​သာ စေ​သော​မြို့​ကြီး​သည်​တစ်​နာ​ရီ​အ​တွင်း​ရှိ​သ​မျှ ဆုံး​ရှုံး​ရ​ပါ​သည်​တ​ကား'' ဟု​ငို​ကြွေး​မြည်​တမ်း ကြ​၏။