ဗျာ​ဒိတ် 22:15-21 BCL

15 သို့​ရာ​တွင်​လူ​မ​ဆန်​သူ​များ၊ ပြု​စား​တတ်​သူ များ၊ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ လူ​သတ်​သ​မား များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ၊ လိမ်​လည်​ပြော​ဆို ၍​ကျင့်​ကြံ​သူ​များ​သည်​မြို့​ပြင်​တွင်​နေ​ရ​ကြ လိမ့်​မည်။

16 ``ငါ​ယေ​ရှု​သည်​အ​သင်း​တော်​များ​ရှိ​သင်​တို့​အား ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ကြေ​ညာ​ရန် ငါ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​လိုက်​၏။ ငါ​သည် ဒါ​ဝိဒ်​၏​အ​နွယ်​ဝင်​ဖြစ်​၏။ ထွန်း​လင်း​တောက်​ပ သော​မိုး​သောက်​ကြယ်​လည်း​ဖြစ်​၏။

17 ဝိ​ညာဉ်​တော်​နှင့်​မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က ``ကြွ​လာ​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ထို​သို့​ဆို​သည်​ကို​ကြား​သော​သူ​မှန်​သ​မျှ​သည် လည်း ``ကြွ​လာ​တော်​မူ​ပါ'' ဟု​ဆို​ကြ​ပါ​စေ။ရေ​ငတ်​သူ​သည်​လာ​ပါ​စေ။အ​သက်​ရေ​ကို​အ​လို​ရှိ​သူ​သည်​အ​ခ​မဲ့ ယူ​ပါ​စေ။

18 ဤ​ကျမ်း​စောင်​ပါ​ဗျာ​ဒိတ်​တော်​များ​ကို​ကြား​ရ သူ​အ​ပေါင်း​တို့​အား ငါ​ယော​ဟန်​သည်​ကြပ်​တည်း စွာ​သ​တိ​ပေး​လိုက်​၏။ မည်​သူ​မ​ဆို​ဤ​ကျမ်း​စောင် တွင် တစ်​စုံ​တစ်​ရာ​ထပ်​လောင်း​၍​ဖြည့်​စွက်​ပါ​က ထို​သူ​အ​ပေါ်​သို့​ဘု​ရား​သ​ခင်​သည် ဤ​ကျမ်း စောင်​၌​ဖော်​ပြ​သော​ဘေး​ဒဏ်​များ​ကို​သက် ရောက်​စေ​တော်​မူ​လိမ့်​မည်။-

19 မည်​သူ​မ​ဆို​ဤ​ကျမ်း​စောင်​ပါ​ပ​ရော​ဖက် စ​ကား​များ​မှ​တစ်​စုံ​တစ်​ရာ​ကို​နုတ်​ပယ်​ပါ​က ထို​သူ​ထံ​မှ​ဘု​ရား​သ​ခင်​သည် ဤ​ကျမ်း​စောင်​၌ ဖော်​ပြ​သော​အ​သက်​ပင်​၏​အ​သီး​ကို​စား​သုံး​ခွင့် နှင့် မြင့်​မြတ်​သန့်​ရှင်း​သော​မြို့​တော်​သို့​ဝင်​စား​ခွင့် ကို​နုတ်​ပယ်​တော်​မူ​လိမ့်​မည်။

20 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သက်​သေ​ခံ​တော်​မူ သော​အ​ရှင်​က``မု​ချ​မ​ကြာ​မီ​ငါ​ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ သော။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ပါ။

21 သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​လူ​တိုင်း ခံ​စား​ရ​ကြ​ပါ​စေ​သော။ ဋ္ဌမ္မ​သစ်​ကျမ်း​တို့​တွင်​နောက်​ဆုံး​ကျမ်း​တည်း ဟူ​သော​ရှင်​ယော​ဟန်​စီ​ရင်​ရေး​ထား​သော​ဗျာ​ဒိတ် ကျမ်း​ပြီး​၏။