ဗျာ​ဒိတ် 4:2-8 BCL

2 ချက်​ချင်း​ပင်​ဝိ​ညာဉ်​တော်​သည်​ငါ့​အ​ပေါ်​သို့ သက်​ရောက်​လာ​လေ​သည်။ ကောင်း​ကင်​ဘုံ​၌ ပလ္လင်​တစ်​ခု​ရှိ​၏။ ထို​ပလ္လင်​ပေါ်​တွင်​ထိုင်​နေ တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​သည်။-

3 ထို​အ​ရှင်​၏​မျက်​နှာ​တော်​သည်​န​ဂါး​သွဲ့​ကျောက်၊ ပတ္တမြား​ကျောက်​ကဲ့​သို့​တောက်​ပ​၏။ ပလ္လင်​၏​ပတ် လည်​တွင်​မြ​ရောင်​ပြေး​နေ​သော​သက်​တန့်​တည် လျက်​ရှိ​၏။-

4 ထို​ပလ္လင်​၏​ပတ်​လည်​တွင်​အ​ခြား​ပလ္လင်​နှစ်​ဆယ့်​လေး ခု​ကို​ငါ​တွေ့​မြင်​ရ​၏။ ထို​ပလ္လင်​များ​အ​ပေါ်​တွင် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​ထိုင်​လျက်​နေ​၏။ သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ်​များ​ကို​ဝတ်​လျက်​ရွှေ သ​ရ​ဖူ​များ​ကို​ဆောင်း​ထား​ကြ​၏။-

5 ပလ္လင်​တော်​ထဲ​မှ​လျှပ်​စစ်​ပြက်​သည့်​အ​ရောင်​များ၊ မိုး​ချုန်း​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လာ​၏။ ပလ္လင်​တော်​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ် ပါး​တည်း​ဟူ​သော​မီး​တိုင်​သည်​ထွန်း​လင်း​လျက် ရှိ​၏။-

6 ပလ္လင်​တော်​၏​ရှေ့​တွင်​ကျောက်​သ​လင်း​နှင့်​တူ​၍ ဖန်​ရေ​ကန်​ဟု​ထင်​ရ​သော​ရေ​ကန်​ရှိ​၏။ထို့​ပြင်​ပလ္လင်​တော်​၏​ပတ်​လည်​တစ်​ဖက်​တစ်​ချက် တွင် သက်​ရှိ​သတ္တ​ဝါ​လေး​ပါး​ရှိ​၏။ သူ​တို့​ကိုယ် ခန္ဓာ​ရှေ့​ပိုင်း​နှင့်​နောက်​ပိုင်း​တို့​တွင်​မျက်​စိ​များ ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၏။-

7 ပ​ထ​မ​သတ္တ​ဝါ​သည်​ခြင်္သေ့​နှင့်​တူ​၏။ ဒု​တိ​ယ သတ္တ​ဝါ​သည်​နွား​နှင့်​တူ​၏။ တ​တိ​ယ​သတ္တ​ဝါ​၏ မျက်​နှာ​သည်​လူ့​မျက်​နှာ​နှင့်​တူ​၏။ စ​တုတ္ထ​သတ္တ ဝါ​သည်​ပျံ​လျက်​နေ​သည့်​လင်း​ယုန်​နှင့်​တူ​၏။-

8 ထို​သတ္တ​ဝါ​လေး​ပါး​စ​လုံး​တွင်​အ​တောင်​ခြောက်​ခု စီ​ရှိ​၏။ သူ​တို့​၏​ကိုယ်​အ​တွင်း​အ​ပြင်​၌​မျက်​စိ များ​ဖြင့်​ပြည့်​နှက်​လျက်​နေ​၏။ သူ​တို့​သည်​နေ့ ရော​ညဥ့်​ပါ​မ​နား​ဘဲ၊``ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ မြင့်​မြတ် သန့်​ရှင်း​တော်​မူ​၏။ကိုယ်​တော်​သည်​အ​တိတ်၊ပစ္စုပ္ပန်၊အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​နေ​တော်​မူ​၏။ဟု​မြွက်​ဆို​ကြ​၏။-