ဗျာ​ဒိတ် 5:1-4 BCL

1 ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏ လက်​ယာ​လက်​တော်​တွင်​စာ​လိပ်​ကို​ငါ​မြင်​၏။ ထို​စာ​လိပ်​သည်​တံ​ဆိပ်​ခု​နစ်​ခု​ဖြင့်​ခတ်​နှိပ် ထား​၍ စာ​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင်​စာ များ​ရေး​သား​ထား​၏။-

2 ထို​နောက်​ခွန်​အား​ကြီး​မား​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​က``အ​ဘယ်​သူ​သည်​တံ​ဆိပ်​များ​ကို​ခွာ ၍​ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​ပါ​သ​နည်း'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​လျက်​နေ​သည်​ကို​ငါ​မြင်​၏။-

3 သို့​ရာ​တွင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​၌ ထို​စာ​လိပ်​ကို​ဖွင့်​နိုင်​သူ​သို့​မ​ဟုတ် ကြည့်​နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ။-

4 ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​သူ​သို့​မ​ဟုတ်​ဖတ်​ထိုက် သူ တစ်​ယောက်​မျှ​ရှာ​၍​မ​တွေ့​ရ​သ​ဖြင့်​ငါ​သည် လွန်​စွာ​ငို​ကြွေး​၏။-