13 အကြီးအကဲတစ်ပါးကငါ့အား``ဝတ်ဖြူစင် ကြယ်ဝတ်ဆင်ထားသူတို့သည်မည်သူတို့နည်း။ အဘယ်အရပ်ကလာကြသနည်း'' ဟုမေး၏။
14 ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-
15 ထိုကြောင့်သူတို့သည်ဘုရားသခင်၏ပလ္လင် တော်ရှေ့သို့ရောက်ရှိ၍ ကိုယ်တော်၏ဗိမာန် တော်တွင်နေ့ညဥ့်မပြတ်ဝတ်ပြုနေခြင်း ဖြစ်၏။ ပလ္လင်တော်ပေါ်စံနေတော်မူသော အရှင်သည်လည်းသူတို့နှင့်အတူရှိ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။-
16 သူတို့သည်နောက်တစ်ဖန်အစာရေစာ မငတ်မွတ်ရကြ။ နေရောင်ခြည်သည်လည်း ကောင်း၊ ပြင်းထန်သောအပူရှိန်သည်လည်း ကောင်းသူတို့အပေါ်သို့မကျရောက်ရ။-
17 အဘယ်ကြောင့်ဆိုသော်ပလ္လင်တော်အလယ် တွင်ရှိတော်မူသော သိုးသူငယ်တော်သည် သူတို့အားစောင့်ထိန်းကြည့်ရှု၍ အသက် စမ်းရေရှိရာအရပ်သို့ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည် လည်းသူတို့၏မျက်ရည်ရှိသမျှကိုသုတ် တော်မူလိမ့်မည်'' ဟုဆို၏။