70 ရှေးသန့်ရှင်းမြင့်မြတ်သူပရောဖက်များမှတစ်ဆင့် မိန့်တော်မူသည်နှင့်အညီ၊
71 ကိုယ်တော်သည်ငါတို့အားရန်သူများ၏ လက်မှလည်းကောင်း၊ငါတို့ကိုမုန်းသောသူအပေါင်းတို့၏ လက်မှလည်းကောင်းကယ်ဆယ်ရန်၊
72 ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။
73-75 ငါတို့သည်ဘုရားသခင်၏ရှေ့တော်တွင် တစ်သက်လုံးသန့်ရှင်းဖြောင့်မတ်ကြစေရန်၊ငါတို့ကိုရန်သူများ၏လက်မှကယ်၍ ကိုယ်တော်၏အမှုတော်ကို၊ကြောက်ရွံ့ခြင်းကင်းလျက်ဆောင်ရွက်စေမည်ဟု ငါတို့၏ အဖအာဗြဟံအားကျိန်ဆိုတော်မူခဲ့ပြီ။
76 အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
77 ကိုယ်တော်၏လူစုတော်အားအပြစ်ဖြေလွှတ်၍ကယ်တင်တော်မူမည်ဖြစ်ကြောင်းပြောကြားလိမ့်မည်။
78 ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကိုကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊