လုကာ 12:1-5 BCL

1 ထို​အ​ခါ​၌​ထောင်​ပေါင်း​များ​စွာ​သော​လူ​တို့ သည်​စု​ဝေး​လာ​ကြ​သ​ဖြင့်​အ​ချင်း​ချင်း​ပင် နင်း​မိ​ကြ​၏။ ကိုယ်​တော်​သည်​ဦး​စွာ​တ​ပည့် တော်​တို့​အား ``ဖာ​ရိ​ရှဲ​တို့​၏​ဟန်​ဆောင်​မှု တည်း​ဟူ​သော​တ​ဆေး​ကို​သ​တိ​ပြု​ကြ​လော့။-

2 ဖုံး​အုပ်​ထား​သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ပွင့် လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​ချက်​ဟူ​သ​မျှ​သည် လည်း​ပေါ်​လာ​ရ​လိမ့်​မည်။-

3 သို့​ဖြစ်​၍​မှောင်​မိုက်​တွင်​သင်​တို့​ပြော​သော​စ​ကား များ​ကို​အ​လင်း​တွင်​လူ​တို့​ကြား​သိ​ကြ​လိမ့် မည်။ အိမ်​အ​တွင်း​ခန်း​တွင်​သင်​တို့​တီး​တိုး​ပြော ဆို​သော​စ​ကား​များ​ကို​အိမ်​ခေါင်​မိုး​ထက်​မှ ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

4 ``ငါ​၏​အ​ဆွေ​တို့၊ သင်​တို့​အား​ငါ​ဆို​သည် ကား​ကိုယ်​ခန္ဓာ​ကို​သတ်​ခြင်း​မှ​တစ်​ပါး အ​ခြား မည်​သို့​မျှ​အန္တ​ရာယ်​မ​ပြု​သူ​များ​ကို​မ​ကြောက် ကြ​နှင့်။-

5 သင်​တို့​ကြောက်​သင့်​သူ​ကို​ငါ​ဖော်​ပြ​မည်။ ကိုယ် ခန္ဓာ​ကို​သတ်​ပြီး​နောက်​သင်​တို့​အား​င​ရဲ​သို့ ချ​နိုင်​သူ​ဘု​ရား​သ​ခင်​ကို​ကြောက်​ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​အ​ရှင်​ကို ကြောက်​ကြ​လော့။