လုကာ 12:12-18 BCL

12 သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည် ထို​အ​ချိန်​၌​သွန်​သင်​ပေး တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

13 ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​အား​အ​မွေ​ခွဲ​ဝေ​ပေး​ရန်​အစ်​ကို​ဖြစ် သူ​ကို​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။

14 ကိုယ်​တော်​က ``အ​ချင်း​လူ၊ အ​ဘယ်​သူ​သည်​ငါ့​ကို သင်​တို့​၏​တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မွေ​ခွဲ​ဝေ​သူ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား သ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-

15 ထို​နောက်​လူ​တို့​အား ``လော​ဘ​အ​မျိုး​မျိုး​ကို သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့။ လူ​၏​အ​သက် သည်​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​တွင်​မ​တည်'' ဟု​မိန့်​တော်​မူ​၏။

16 ထို​နောက်​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင် ၍ ``သူ​ဌေး​တစ်​ဦး​သည် မိ​မိ​၏​လယ်​ယာ​မှ အ​သီး​အ​နှံ​များ​စွာ​ထွက်​သ​ဖြင့်၊-

17 `ငါ​၏​လယ်​ယာ​ထွက်​သီး​နှံ​များ​ကို​သို​ထား ရန်​နေ​ရာ​မ​ရှိ။ ငါ​သည်​အ​ဘယ်​သို့​ပြု​ရ အံ့​နည်း' ဟု တစ်​ကိုယ်​တည်း​တွေး​တော​လျက် နေ​၏။-

18 ထို​နောက် `ငါ​ဤ​သို့​ပြု​မည်။ ကျီ​ဟောင်း​များ ကို​ဖျက်​၍ ပို​မို​ကြီး​မား​သော​ကျီ​သစ်​များ ကို​တည်​ဆောက်​မည်။ ငါ​၏​ဂျုံ​စ​ပါး​နှင့်​အ​ခြား ပစ္စည်း​ဥစ္စာ​များ​ကို ထို​ကျီ​သစ်​ကြီး​များ​တွင် သို​မှီး​ထား​မည်။-