4 ``ငါ၏အဆွေတို့၊ သင်တို့အားငါဆိုသည် ကားကိုယ်ခန္ဓာကိုသတ်ခြင်းမှတစ်ပါး အခြား မည်သို့မျှအန္တရာယ်မပြုသူများကိုမကြောက် ကြနှင့်။-
5 သင်တို့ကြောက်သင့်သူကိုငါဖော်ပြမည်။ ကိုယ် ခန္ဓာကိုသတ်ပြီးနောက်သင်တို့အားငရဲသို့ ချနိုင်သူဘုရားသခင်ကိုကြောက်ကြလော့။ သင်တို့အားငါဆိုသည်ကားထိုအရှင်ကို ကြောက်ကြလော့။
6 ``စာကလေးငါးကောင်ကိုအဿရိနှစ်ပြား ဖြင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင်ဘုရား သခင်သည်စာကလေးတစ်ကောင်ကိုမျှမေ့ လျော့တော်မမူ။-
7 သင်တို့ဦးခေါင်းကဆံပင်များကိုပင်လျှင် အကုန်အစင်ရေတွက်ထားတော်မူပြီ။ ထို့ ကြောင့်မကြောက်ကြနှင့်။ သင်တို့ကားစာ ငှက်များထက်များစွာအဖိုးတန်၏။
8 ``သင်တို့အားငါဆိုသည်ကားငါ့တပည့်အဖြစ် လူတို့ရှေ့တွင်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များတို့၏ရှေ့ တွင် မိမိတပည့်အဖြစ်ဝန်ခံတော်မူလိမ့်မည်။-
9 ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သောသူကို လူသားသည်ဘုရားသခင်၏ကောင်းကင် တမန်တို့ရှေ့တွင်ပစ်ပယ်လိမ့်မည်။
10 ``လူသားကိုနှုတ်ဖြင့်ပြစ်မှားသူသည်အပြစ် ပြေလွတ်ခွင့်ရနိုင်မည်ဖြစ်သော်လည်း သန့်ရှင်း သောဝိညာဉ်တော်ကိုပြစ်မှားပြောဆိုသူမူ ကား အပြစ်ပြေလွတ်ခွင့်ရနိုင်လိမ့်မည်မဟုတ်။