31 ဒုတိယညီသည်လည်းထိုအမျိုးသမီးကို သိမ်းပိုက်၏။ ထိုနည်းတူစွာညီအစ်ကိုခုနစ် ယောက်စလုံးသားသမီးမရဘဲသေသွား ကြ၏။-
32 နောက်ဆုံး၌အမျိုးသမီးသည်လည်းသေ၏။-
33 ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက်ခဲ့ ကြသည်ဖြစ်၍သေခြင်းမှထမြောက်ရာနေ့တွင် ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
34 သခင်ယေရှုက ``ဤဘဝ၌လူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုပြုတတ်ကြ၏။-
35 သို့ရာတွင်သေခြင်းမှရှင်ပြန်ထမြောက်၍ တမလွန်သို့ဝင်ထိုက်သောသူတို့မူကား ထိမ်းမြားစုံဖက်ခြင်းကိုမပြုကြကုန်။-
36 သူတို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ် သဖြင့်သေနိုင်ကြမည်မဟုတ်။ သူတို့သည် သေခြင်းမှရှင်ပြန်ထမြောက်စေသူများဖြစ် သောကြောင့်ဘုရားသခင်၏သားများဖြစ် ကြ၏။
37 ``မီးလျှံထွက်သည့်ချုံအကြောင်းကိုဖော်ပြရာ တွင်မောရှေက `ထာဝရဘုရားသည်အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်' ဟုဆို၏။ သို့ဆိုရာ၌သေလွန်သော သူတို့ရှင်ပြန်ထမြောက်ကြောင်းကိုဖော်ပြ ခြင်းပင်ဖြစ်၏။-