12 ထိုသူသည်အထက်ထပ်ရှိခင်းကျင်းထားသော အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်မှုကိုပြုကြလော့'' ဟုမိန့်တော်မူ၏။-
13 တပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး နောက်ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်းတွေ့ ရှိကြသဖြင့် ပသခါပွဲညစာကိုအသင့်ပြင် ဆင်ကြ၏။
14 အချိန်ရောက်သောအခါကိုယ်တော်သည်တမန် တော်တို့နှင့်အတူစားပွဲတွင်ထိုင်တော်မူ၏။-
15 ကိုယ်တော်က ``ငါသည်အသေမခံရမီဤ ပသခါပွဲညစာကိုသင်တို့နှင့်အတူစား ရန်အလွန်အလိုရှိ၏။-
16 သင်တို့အားငါဆိုသည်ကားပသခါပွဲကျင်းပ သည့်ရည်ရွယ်ချက်သည် ဘုရားသခင်၏နိုင်ငံတော် ၌အကောင်အထည်ပေါ်လာလိမ့်မည်။ ထိုအချိန် မတိုင်မီငါသည်ပသခါညစာကိုနောက်တစ် ဖန်စားလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
17 ထိုနောက်ကိုယ်တော်သည်စပျစ်ရည်ခွက်ကိုယူ ၍ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း တော်မူပြီးလျှင် ``ဤစပျစ်ရည်ခွက်ကိုယူ ကြလော့။ အချင်းချင်းဝေ၍သောက်ကြလော့။-
18 သင်တို့အားငါဆိုသည်ကားယခုမှစ၍ ဘုရားသခင်၏နိုင်ငံမတည်မချင်းငါသည် စပျစ်ရည်ကိုနောက်တစ်ဖန်သောက်လိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။