65 အခြားစကားများဖြင့်လည်းကိုယ်တော်ကို စော်ကားကြ၏။
66 မိုးလင်းသောအခါယုဒအမျိုးသားခေါင်း ဆောင်များဖြစ်ကြသောယဇ်ပုရောဟိတ်ကြီး များနှင့် ကျမ်းတတ်ဆရာများသည်စုဝေး ကြ၏။ ထိုနောက်ကိုယ်တော်အားမိမိတို့၏ တရားလွှတ်တော်သို့ခေါ်ဆောင်သွားကြ၏။-
67 သူတို့က ``သင်သည်မေရှိယဖြစ်ပါသလော။ ငါတို့အားပြောလော့'' ဟုဆိုကြ၏။ကိုယ်တော်က``ငါပြောလျှင်သင်တို့ယုံကြမည် မဟုတ်။-
68 သင်တို့အားငါမေးလျှင်သင်တို့ဖြေမည်မဟုတ်။
69 ယခုမှစ၍လူသားသည်အနန္တတန်ခိုးတော် ရှင်ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူလတ္တံ့'' ဟုမိန့်တော်မူ၏။
70 ထိုသူတို့က ``သို့ဖြစ်ပါမူသင်သည်ဘုရား သခင်၏သားတော်ဖြစ်ပါသလော'' ဟုမေး ကြ၏။ ကိုယ်တော်က ``ငါသည်ဘုရားသခင် ၏သားတော်ဖြစ်သည်ဟုသင်တို့ပင်ဆိုချေ သည်'' ဟုမိန့်တော်မူ၏။
71 ထိုအခါသူတို့က ``အဘယ်သက်သေလိုသေး သနည်း။ ငါတို့ကိုယ်တိုင်ပင်သူ၏စကားကို ကြားရကြပြီ'' ဟုဆိုကြ၏။