လုကာ 23:15-21 BCL

15 ဟေ​ရုဒ်​မင်း​သည်​လည်း​မ​တွေ့။ ထို့​ကြောင့်​သူ့ ကို​ငါ့​ထံ​သို့​ပြန်​၍​ပို့​၏။ ဤ​သူ​သည်​သေ ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို မျှ​မ​ကူး​မ​လွန်​ခဲ့​ပေ။-

16 သို့​ဖြစ်​၍​သူ့​ကို​ကြိမ်​ဒဏ်​ဖြင့်​ဆုံး​မ​၍​လွှတ် လိုက်​မည်'' ဟု​ဆို​၏။-

17 (ပိ​လတ်​မင်း​သည်​ပ​သ​ခါ​ပွဲ​၌​လူ​တို့​အ​တွက် အ​ကျဉ်း​သား​တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း သာ​ခွင့်​ပေး​ရ​မြဲ​ဖြစ်​သ​တည်း။)

18 လူ​ပ​ရိ​သတ်​အား​လုံး​က ``ဤ​သူ​ကို​သေ​ဒဏ် ပေး​ပါ။ အ​ကျွန်ုပ်​တို့​အ​တွက်​ဗာ​ရဗ္ဗ​ကို​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပါ'' ဟု​တစ်​ပြိုင်​နက် ဟစ်​အော်​ကြ​၏။-

19 (ဗာ​ရဗ္ဗ​ကား​မြို့​ထဲ​တွင်​ပုန်​ကန်​ထ​ကြွ​မှု​နှင့် လူ​သတ်​မှု​တို့​ဖြင့်​ထောင်​ကျ​ခံ​နေ​ရ​သူ​ဖြစ်​၏။)

20 ပိ​လတ်​မင်း​သည်​သ​ခင်​ယေ​ရှု​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​လို​၍​လူ​တို့​အား​တစ်​ဖန် တင်​ပြ​၏။-

21 သို့​ရာ​တွင်​လူ​တို့​သည် ``သူ့​ကို​လက်​ဝါး​ကပ်​တိုင် မှာ​တင်​၍​သတ်​ပါ၊ လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍ သတ်​ပါ'' ဟု​ဟစ်​အော်​ကြ​၏။