လုကာ 23:45-52 BCL

45 ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​လည်း​နှစ်​ခြမ်း ကွဲ​လေ​၏။-

46 သ​ခင်​ယေ​ရှု​သည် ``အို အ​ဖ၊ ကိုယ်​တော်​ရှင်​၏ လက်​တော်​သို့​အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို​အပ်​ပါ​၏'' ဟု​ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် တော်​မူ​၏။

47 ဤ​အ​ဖြစ်​အ​ပျက်​ကို​တပ်​မှူး​သည်​တွေ့​မြင် လျှင် ``ဤ​သူ​ကား​အ​ကယ်​ပင်​သူ​တော်​ကောင်း ဖြစ်​၏'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​ကူး​လေ​၏။

48 ဤ​အ​မှု​အ​ရာ​ကို​ကြည့်​ရှု​ရန်​လာ​ကြ​ကုန်​သော လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ဖြစ်​အ​ပျက်​များ​ကို မြင်​သ​ဖြင့် မိ​မိ​တို့​ရင်​ကို​တီး​ခတ်​လျက်​ပြန် ကြ​၏။-

49 ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​၏​နောက်​သို့​လိုက် လာ​ကြ​သော​အ​မျိုး​သ​မီး​များ​အ​ပါ​အ​ဝင် ကိုယ်​တော်​ကို​သိ​ကျွမ်း​သူ​အ​ပေါင်း​တို့​သည် အ​ဝေး​မှာ​ရပ်​လျက်​ကြည့်​ရှု​နေ​ကြ​၏။

50-51 ယု​ဒ​ပြည်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​နာ​မည် ရှိ​သူ​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ရှိ ၏။ သူ​သည်​လူ​ကောင်း​လူ​ဖြောင့်​တစ်​ယောက်​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​မည့်​အ​ချိန် ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည်​တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​ဖြစ်​သော်​လည်း တ​ရား​လွှတ်​တော် ၏​ဆုံး​ဖြတ်​ချက်​နှင့်​လုပ်​ဆောင်​ချက်​ကို​သ​ဘော မ​တူ​ခဲ့​ပေ။-

52 သူ​သည်​ပိ​လတ်​မင်း​၏​ထံ​သို့​သွား​၍​သ​ခင်​ယေ​ရှု ၏​အ​လောင်း​တော်​ကို​တောင်း​၏။-