46 သခင်ယေရှုသည် ``အို အဖ၊ ကိုယ်တော်ရှင်၏ လက်တော်သို့အကျွန်ုပ်၏ဝိညာဉ်ကိုအပ်ပါ၏'' ဟုကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် တော်မူ၏။
47 ဤအဖြစ်အပျက်ကိုတပ်မှူးသည်တွေ့မြင် လျှင် ``ဤသူကားအကယ်ပင်သူတော်ကောင်း ဖြစ်၏'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလေ၏။
48 ဤအမှုအရာကိုကြည့်ရှုရန်လာကြကုန်သော လူပရိသတ်တို့သည် ထိုအဖြစ်အပျက်များကို မြင်သဖြင့် မိမိတို့ရင်ကိုတီးခတ်လျက်ပြန် ကြ၏။-
49 ဂါလိလဲပြည်မှကိုယ်တော်၏နောက်သို့လိုက် လာကြသောအမျိုးသမီးများအပါအဝင် ကိုယ်တော်ကိုသိကျွမ်းသူအပေါင်းတို့သည် အဝေးမှာရပ်လျက်ကြည့်ရှုနေကြ၏။
50-51 ယုဒပြည်အရိမဿဲမြို့သားယောသပ်နာမည် ရှိသူယုဒတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ ၏။ သူသည်လူကောင်းလူဖြောင့်တစ်ယောက်ဖြစ်လျက် ဘုရားသခင်၏နိုင်ငံတော်တည်မည့်အချိန် ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည်တရားလွှတ် တော်အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော် ၏ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်ကိုသဘော မတူခဲ့ပေ။-
52 သူသည်ပိလတ်မင်း၏ထံသို့သွား၍သခင်ယေရှု ၏အလောင်းတော်ကိုတောင်း၏။-
53 အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှချပြီး လျှင်ပိတ်ဖြင့်ပတ်၏။ ထိုနောက်ကျောက်ဆောင်ကို ထွင်းထားသည့်တစ်ခါမျှအသုံးမပြုရသေး သောသင်္ချိုင်းဂူသစ်တွင်သင်္ဂြိုဟ်၏။-