52 သူသည်ပိလတ်မင်း၏ထံသို့သွား၍သခင်ယေရှု ၏အလောင်းတော်ကိုတောင်း၏။-
53 အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှချပြီး လျှင်ပိတ်ဖြင့်ပတ်၏။ ထိုနောက်ကျောက်ဆောင်ကို ထွင်းထားသည့်တစ်ခါမျှအသုံးမပြုရသေး သောသင်္ချိုင်းဂူသစ်တွင်သင်္ဂြိုဟ်၏။-
54 ထိုနေ့ကားသောကြာနေ့ဖြစ်၍ဥပုသ်နေ့သို့ ကူးရန်အချိန်နီးပေပြီ။-
55 ဂါလိလဲပြည်မှကိုယ်တော်နှင့်လိုက်ခဲ့ကြသော အမျိုးသမီးများလည်းလိုက်ပို့၍သင်္ချိုင်းတော် ကိုလည်းကောင်း၊ အလောင်းတော်ကိုအဘယ်သို့ ထားသည်ကိုလည်းကောင်းတွေ့မြင်ကြ၏။-
56 ထိုနောက်သူတို့သည်အိမ်သို့ပြန်၍ဆီမွှေး နှင့်နံ့သာပေါင်းကိုအသင့်ပြင်ဆင်ကြ၏။သူတို့သည်ပညတ်တော်ရှိသည်အတိုင်း ဥပုသ်နေ့၌အနားယူကြ၏။