19 သို့ရာတွင်ဟေရုဒ်ဘုရင်သည်မိမိညီဖြစ်သူ၏ ဇနီးဟေရောဒိကိုသိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မိမိကူးလွန်ခဲ့သောအပြစ်အပေါင်း နှင့်ပတ်သက်၍လည်းကောင်းယောဟန်ကသူ့အား ဆုံးမခဲ့၏။-
20 ထိုနောက်ယောဟန်ကိုထောင်ထဲတွင်ချုပ်နှောင်ထား စေခြင်းဖြင့် ဟေရုဒ်သည်ကူးလွန်ပြီးခဲ့သည့် အပြစ်အပေါင်းတို့ထက်ဆိုးရွားသောအပြစ် ကိုကူးလွန်လေသည်။
21 လူအပေါင်းတို့သည်ဗတ္တိဇံမင်္ဂလာကိုခံယူကြပြီး သောအခါ သခင်ယေရှုသည်လည်းဗတ္တိဇံမင်္ဂလာ ကိုခံယူတော်မူ၏။ ကိုယ်တော်သည်ဆုတောင်း ပတ္ထနာပြုလျက်နေတော်မူစဉ်ကောင်းကင် ပွင့်ဟ၍၊-
22 သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်အသွင် ဖြင့် ကိုယ်ခန္ဓာပုံသဏ္ဌာန်ထင်ရှားစွာဖြင့်ကိုယ်တော် ၏အပေါ်သို့ဆင်းသက်တော်မူ၏။ မိုးကောင်းကင် မှ ``သင်ကားငါနှစ်သက်မြတ်နိုးရာငါ၏ချစ် သားပေတည်း'' ဟုအသံတော်ထွက်ပေါ်လာ၏။
23 အမှုတော်စတင်ဆောင်ရွက်ချိန်၌သခင်ယေရှု သည်အသက်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့ထင် မြင်ယူဆချက်အရကိုယ်တော်သည်ယောသပ်၏ သားဖြစ်၏။ ယောသပ်သည်ဧလိ၏သားတည်း။-
24 ဧလိကားမဿတ်၏သား၊ မဿတ်ကားလေဝိ၏ သား၊ လေဝိကားမေလခိ၏သား၊ မေလခိကား ယန္န၏သား၊ ယန္နကားယောသပ်၏သားဖြစ်၏။-
25 ယောသပ်သည်မတ္တသိ၏သား၊ မတ္တသိသည်အာမုတ် ၏သား၊ အာမုတ်သည်နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည်န္ဂဲ၏သား၊ န္ဂဲ သည်မာအတ်၏သားဖြစ်၏။-