လုကာ 5:26-32 BCL

26 လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြောက်​ရွံ့ လျက် ``အံ့​ဖွယ်​သော​အ​ရာ​များ​ကို​ငါ​တို့ ယ​နေ့​တွေ့​မြင်​ရ​လေ​ပြီ'' ဟု​ပြော​ဆို​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။

27 ထို​နောက်​ကိုယ်​တော်​သည်​က​ပေ​ရ​နောင်​မြို့​မှ ထွက်​ကြွ​တော်​မူ​၍ အ​ကောက်​ခွန်​ရုံး​ခန်း​တွင် လေ​ဝိ​နာ​မည်​ရှိ​သူ​အ​ခွန်​ခံ​ထိုင်​နေ​သည်​ကို မြင်​တော်​မူ​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။-

28 ထို​သူ​သည်​ရှိ​သ​မျှ​တို့​ကို​စွန့်​ပြီး​လျှင်​ထ ၍​နောက်​တော်​သို့​လိုက်​လေ​၏။

29 ထို​နောက်​လေ​ဝိ​သည်​မိ​မိ​၏​အိမ်​တွင်​ကိုယ်​တော် အ​တွက်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​၏။ ဧည့်​သည်​များ တွင်​အ​ခွန်​ခံ​သူ​နှင့်​အ​ခြား​သူ​အ​မြောက်​အ​မြား ပါ​ဝင်​ကြ​၏။-

30 ဖာ​ရိ​ရှဲ​များ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ် ကြ​သော​ကျမ်း​တတ်​ဆ​ရာ​များ​က ``အ​ဘယ် ကြောင့်​သင်​တို့​သည်​အ​ခွန်​ခံ​သူ​များ၊ အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​စား​သောက်​ကြ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။

31 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကျန်း​မာ​သူ​သည် ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။-

32 ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​နောင်​တ​ရ စေ​ခြင်း​ငှာ​ခေါ်​ဖိတ်​ရန်​လာ​သည်​မ​ဟုတ်။ အ​ပယ် ခံ​သူ​များ​ကို​နောင်​တ​ရ​စေ​ခြင်း​ငှာ​ခေါ်​ဖိတ် ရန်​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။