လုကာ 5:29-35 BCL

29 ထို​နောက်​လေ​ဝိ​သည်​မိ​မိ​၏​အိမ်​တွင်​ကိုယ်​တော် အ​တွက်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​၏။ ဧည့်​သည်​များ တွင်​အ​ခွန်​ခံ​သူ​နှင့်​အ​ခြား​သူ​အ​မြောက်​အ​မြား ပါ​ဝင်​ကြ​၏။-

30 ဖာ​ရိ​ရှဲ​များ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ် ကြ​သော​ကျမ်း​တတ်​ဆ​ရာ​များ​က ``အ​ဘယ် ကြောင့်​သင်​တို့​သည်​အ​ခွန်​ခံ​သူ​များ၊ အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​စား​သောက်​ကြ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။

31 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကျန်း​မာ​သူ​သည် ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။-

32 ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​နောင်​တ​ရ စေ​ခြင်း​ငှာ​ခေါ်​ဖိတ်​ရန်​လာ​သည်​မ​ဟုတ်။ အ​ပယ် ခံ​သူ​များ​ကို​နောင်​တ​ရ​စေ​ခြင်း​ငှာ​ခေါ်​ဖိတ် ရန်​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

33 လူ​အ​ချို့​က ``ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ တို့​၏​တ​ပည့်​များ​သည်​အ​စာ​ရှောင်​ခြင်း​နှင့် ဆု တောင်း​ခြင်း​တို့​ကို​မ​ကြာ​ခ​ဏ​ပြု​လေ့​ရှိ​ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​၏​တ​ပည့်​များ​မူ​ကား​စား လျက်​သောက်​လျက်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု လျှောက်​ထား​ကြ​၏။

34 ကိုယ်​တော်​က ``မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​သ​တို့​သား ရှိ​နေ​သည့်​ကာ​လ​ဧည့်​သည်​များ​အား​အ​စာ ရှောင်​ခိုင်း​နိုင်​ပါ​မည်​လော။-

35 သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​သူ​တို့ ထံ​မှ​ဆောင်​ယူ​သွား​မည့်​နေ့​ရက်​ကာ​လ​ရောက် ရှိ​လာ​ပေ​အံ့။ ထို​အ​ခါ​၌​သူ​တို့​သည်​အ​စာ ရှောင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။