လုကာ 6:14-20 BCL

14 ထို​တစ်​ဆယ့်​နှစ်​ပါး​ကား​ပေ​တ​ရု​ဟု​ကိုယ်​တော် မှည့်​ခေါ်​သူ​ရှိ​မုန်​နှင့်​ရှိ​မုန်​၏​ညီ​အန္ဒြေ၊ ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့်​ဗာ​သော​လ​မဲ၊-

15 မ​ဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်၊-

16 ယာ​ကုပ်​၏​သား​ယု​ဒ​နှင့်​နောင်​အ​ခါ​ကိုယ်​တော် ကို​သစ္စာ​ဖောက်​သူ​ယု​ဒ​ရှ​ကာ​ရုတ်​တို့​တည်း။

17 ကိုယ်​တော်​သည်​တ​မန်​တော်​တို့​နှင့်​အ​တူ​တောင် ပေါ်​က​ဆင်း​သက်​တော်​မူ​၍​မြေ​ညီ​ရာ​သို့​ရောက် တော်​မူ​၏။ ထို​နေ​ရာ​မှာ​တ​ပည့်​တော်​စု​ကြီး တစ်​စု​အ​ပြင်၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ​တု​ရု၊ ဇိ​ဒုန်​မြို့​များ​မှ​လည်း​ကောင်း​လာ​ကြ​သူ အ​မြောက်​အ​မြား​ရှိ​၏။-

18 ထို​သူ​တို့​သည်​ကိုယ်​တော်​၏​တ​ရား​တော်​ကို ကြား​နာ​ရန်​နှင့်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ ပျောက်​ကင်း​စေ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​၏။ ညစ်​ညမ်း​သော​နတ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ​များ လည်း​လာ​၍​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​၏။-

19 ကိုယ်​တော်​၏​ထံ​တော်​မှ​တန်​ခိုး​ထွက်​၍​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​သော​ကြောင့် လူ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​တို့ ထိ​နိုင်​ရန်​ကြိုး​စား​ကြ​၏။

20 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကိုကြည့်​တော်​မူ​ပြီး​လျှင် ``ဆင်း​ရဲ​သူ​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​သင်​တို့​၏​နိုင်​ငံ ဖြစ်​၏။