လုကာ 6:22-28 BCL

22 ``လူ​သား​ကြောင့်​သင်​တို့​ကို​လူ​များ​မုန်း​ကြ​သော အ​ခါ​၌​လည်း​ကောင်း၊ ပစ်​ပယ်​ကြ​သော​အ​ခါ​၌ လည်း​ကောင်း၊ သင်​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ရှုတ်​ချ ကြ​သော​အ​ခါ​၌​လည်း​ကောင်း​သင်​တို့​သည်​မင်္ဂလာ ရှိ​ကြ​၏။-

23 ထို​သို့​တွေ့​ကြုံ​ခံ​စား​ရ​သော​အ​ခါ​ဝမ်း​မြောက် ကြ​လော့။ ရွှင်​မြူး​သ​ဖြင့်​က​ခုန်​ကြ​လော့။ ကောင်း ကင်​ဘုံ​တွင်​သင်​တို့​ရ​မည့်​အ​ကျိုး​ကား​ကြီး လှ​၏။ ဤ​သို့​သင်​တို့​အား​ပြု​ကျင့်​သူ​များ ၏​ဘိုး​ဘေး​များ​သည်​ရှေး​ပ​ရော​ဖက်​တို့​ကို ဤ​နည်း​အ​တိုင်း​ပင်​နှိပ်​စက်​ခဲ့​ကြ​၏။

24 ``သို့​သော်​ကြွယ်​ဝ​ချမ်း​သာ​သူ​တို့၊သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ​၏။သင်​တို့​သည်​ယ​ခု​ဘ​ဝ​၌​သက်​သာ​စွာ​နေ​ထိုင် ရ​ကြ​၏။

25 ``ယ​ခု​အ​ခါ​ဝ​စွာ​စား​သောက်​ရ​သူ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။သင်​တို့​ဆာ​ငတ်​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ယ​ခု​အ​ခါ​ရယ်​မော​ကြ​သူ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။သင်​တို့​ပူ​ဆွေး​ငို​ယို​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။

26 ``လူ​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ချီး​မွမ်း ကြ​သော​အ​ခါ​သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ ဤ​သူ​တို့​၏​ဘိုး​ဘေး​များ​သည် မိစ္ဆာ​ပ​ရော​ဖက်​များ​ကို​ဤ​နည်း​အ​တိုင်း ချီး​မွမ်း​ခဲ့​ကြ​လေ​ပြီ။

27 ``သို့​ရာ​တွင်​ငါ​၏​တ​ရား​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​အား​ငါ​ဆို​သည်​ကား​ရန်​သူ​ကို​ချစ်​ကြ လော့။ သင်​တို့​ကို​မုန်း​သူ​အား​ကျေး​ဇူး​ပြု​ကြ လော့။-

28 ကျိန်​ဆဲ​သူ​အား​မေတ္တာ​ပို့​ကြ​လော့။ စော်​ကား သူ​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-