လုကာ 7:43-49 BCL

43 ရှိ​မုန်​က ``ငွေ​ပို​၍​လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​သည် ပို​၍​မေတ္တာ​ရှိ​မည်​ထင်​ပါ​သည်'' ဟု​လျှောက်​၏။ကိုယ်​တော်​က ``သင့်​ယူ​ဆ​ချက်​သည်​မှန်​ပေ​၏'' ဟု​မိန့်​တော်​မူ​၏။

44 ထို​နောက်​အ​မျိုး​သ​မီး​၏​ဘက်​ကို​လှည့်​၍ ရှိ​မုန်​အား ``သင်​သည်​ဤ​အ​မျိုး​သ​မီး​ကို မြင်​သ​လော။ ငါ​သည်​သင်​၏​အိမ်​သို့​ဝင်​သော အ​ခါ သင်​သည်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့ ရာ​တွင်​သူ​သည်​မျက်​ရည်​ဖြင့် ငါ့​ခြေ​ကို ဆေး​၍​ဆံ​ပင်​ဖြင့်​သုတ်​လေ​ပြီ။-

45 သင်​သည်​ငါ့​ကို​မ​နမ်း။ ထို​အ​မျိုး​သ​မီး သည်​ဤ​အိမ်​သို့​ဝင်​ချိန်​မှ​စ​၍​ငါ​၏​ခြေ ကို​အ​ဆက်​မ​ပြတ်​နမ်း​လေ​ပြီ။-

46 သင်​သည်​ငါ​၏​ခေါင်း​ကို​ဆီ​ဖြင့်​မ​လိမ်း။ သူ​မူ​ကား ငါ​၏​ခြေ​ကို​ဆီ​မွှေး​ဖြင့်​လိမ်း​လေ​ပြီ။ ထို​ကြောင့်​သင့် အား​ငါ​ဆို​သည်​ကား ဤ​အ​မျိုး​သ​မီး​သည်​များ​စွာ သော​အ​ပြစ်​တို့​မှ​ပြေ​လွတ်​လေ​ပြီ။-

47 ထို​သို့​ပြေ​လွတ်​ကြောင်း​ကို​သူ​၏​ကြီး​မား​သော မေတ္တာ​က​သက်​သေ​ခံ​၏။ အ​ပြစ်​အ​နည်း​ငယ်​သာ ပြေ​လွတ်​သူ​မူ​ကား​အ​နည်း​ငယ်​သာ​လျှင်​ချစ် တတ်​၏'' ဟု​မိန့်​တော်​မူ​၏။

48 ထို​နောက်​ကိုယ်​တော်​က ``သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​အ​မျိုး​သ​မီး​အား​မိန့်​တော်​မူ​၏။

49 ကိုယ်​တော်​နှင့်​အ​တူ​ည​စာ​စား​နေ​ကြ​သူ​တို့ သည် ``အ​ပြစ်​ကို​ပင်​ဖြေ​လွှတ်​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။