8 မိုးမျက်နှာကြက်ကို``မိုးကောင်းကင်'' ဟုခေါ် တွင်စေတော်မူ၏။ ညဦးမှနံနက်အထိဒုတိယ နေ့ရက်ဖြစ်လေ၏။
9 တစ်ဖန်ဘုရားသခင်က``မိုးကောင်းကင်အောက် တွင်ကုန်းပေါ်လာရန် တစ်နေရာတည်း၌ရေစု ဝေးစေ'' ဟုအမိန့်ပေးသည့်အတိုင်းကုန်းပေါ် လာ၏။-
10 ကုန်းကို``မြေကြီး'' ဟူ၍လည်းကောင်း၊ စုဝေး လျက်ရှိသောရေကို``ပင်လယ်'' ဟူ၍လည်းကောင်း ခေါ်တွင်စေတော်မူ၏။ ဘုရားသခင်သည် ထို အမှုအရာကိုရှုမြင်၍နှစ်သက်တော်မူ၏။-
11 ထိုနောက်``ကောက်ပဲသီးနှံနှင့်သစ်သီးပင်အမျိုး မျိုးကိုမြေကြီးမှပေါက်စေ'' ဟုအမိန့်ပေး သည့်အတိုင်းပေါက်လာကြ၏။-
12 သို့ဖြစ်၍မြေကြီးမှ အပင်အမျိုးမျိုးပေါက် လာကြ၏။ ဘုရားသခင်သည် ထိုအမှုအရာ ကိုရှုမြင်၍နှစ်သက်တော်မူ၏။-
13 ညဦးမှနံနက်အထိတတိယနေ့ရက်ဖြစ် လေ၏။
14 တစ်ဖန်ဘုရားသခင်က``နေ့နှင့်ညဥ့်ကို ခွဲခြားရန်နှင့်နေ့ရက်၊ နှစ်၊ ပွဲတော်ရက်