19 ကိုယ်တော်သည်အကျွန်ုပ်အားကျေးဇူးပြုသဖြင့် အသက်ချမ်းသာရာရခဲ့ပါပြီ။ တောင်များသည်ခရီးဝေးလှပါ၏။ တောင်ပေါ်သို့မရောက်မီဘေးသင့်မည်ဟုစိုးရိမ်ရပါ၏။-
20 ရှေ့တွင်မြို့ကလေးတစ်မြို့ရှိပါသည်။ ထိုမြို့သည်နီးသဖြင့်ရောက်လွယ်ပါသည်။ ထိုမြို့သို့ပြေးပါရစေ။ မြို့ငယ်ကလေးဖြစ်၍ အကျွန်ုပ်အတွက်လုံခြုံမှုရှိပါမည်'' ဟုလျှောက်လေ၏။
21 ကောင်းကင်တမန်က``ကောင်းပြီ။ ထိုမြို့ကိုငါမဖျက်ဆီး။-
22 မြန်မြန်ပြေးလော့။ ထိုမြို့သို့သင်မရောက်မီ ငါသည်သောဒုံမြို့ကိုဒဏ်မစီရင်နိုင်'' ဟုဆိုလေ၏။လောတသည်ထိုမြို့ကိုမြို့ကလေးဟုခေါ်သဖြင့် ဇောရမြို့ဟုနာမည်တွင်လေ၏။
23 နေထွက်ချိန်၌ဇောရမြို့သို့လောတရောက်ရှိလေ၏။-
24 ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
25 ထိုမြို့များနှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးရှိလူတို့နှင့်အပင်တို့ကိုသေကြေပျက်စီးစေတော်မူ၏။-