ကမ္ဘာ​ဦး 2:1-6 BCL

1 ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး ကို ဤ​သို့​ဖန်​ဆင်း​၍​ပြီး​ဆုံး​၏။-

2 ဆ​ဋ္ဌ​မ​နေ့​၌​ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း ခြင်း​အ​မှု​အ​လုံး​စုံ​ပြီး​စီး​၍ သတ္တ​မ​နေ့​၌ ရပ်​နား​တော်​မူ​၏။-

3 ထို​သို့​သတ္တ​မ​နေ့​၌​ဖန်​ဆင်း​ခြင်း​အ​မှု​ပြီး သ​ဖြင့်​ရပ်​နား​သော​ကြောင့် ဘု​ရား​သ​ခင်​သည် ထို​နေ့​ရက်​ကို​ကောင်း​ချီး​ပေး​၍ အ​ထူး​နေ့ အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။-

4 ဤ​နည်း​အား​ဖြင့်​စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း တော်​မူ​၏။ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​ကို ဖန်​ဆင်း တော်​မူ​သော​အ​ခါ၊-

5 မြေ​ပေါ်​သို့​မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး​သ ဖြင့်​အ​ပင်​မ​ပေါက်၊ အ​ညှောက်​လည်း​မ​ထွက် သေး။ မြေ​ကို​ထွန်​ယက်​မည့်​သူ​လည်း​မ​ရှိ​သေး။-

6 သို့​ရာ​တွင်​မြေ​အောက်​မှ​ရေ​ထွက်​သ​ဖြင့်​မြေ ကို​စို​စေ​၏။