ကမ္ဘာ​ဦး 24:31-37 BCL

31 ``ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ကောင်း​ချီး​မင်္ဂလာ​ခံ ရ​သော​သူ၊ ကျွန်ုပ်​၏​အိမ်​သို့​ကြွ​ပါ။ ဤ​နေ​ရာ တွင်​အ​ဘယ်​ကြောင့်​ရပ်​နေ​ပါ​သ​နည်း။ ကျွန်ုပ် ၏​အိမ်​တွင်​သင်​တည်း​ခို​ရန်​အ​ခန်း​ကို​အ​သင့် ပြင်​ပြီး​ပါ​ပြီ။ သင်​၏​ကု​လား​အုတ်​များ​နေ စ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု​ခေါ်​ဖိတ်​လေ​သည်။

32 သို့​ဖြစ်​၍​ထို​သူ​သည်​လာ​ဗန်​တို့​၏​အိမ်​သို့​လိုက် ပါ​လာ​၏။ လာ​ဗန်​သည်​ကု​လား​အုတ်​များ​မှ​ဝန် စည်​များ​ကို​ချ​ပြီး​လျှင် တိ​ရစ္ဆာန်​များ​ကို​ကောက် ရိုး​နှင့်​အ​စာ​ကျွေး​လေ​၏။ ထို​နောက်​အာဗြဟံ​၏ အ​စေ​ခံ​နှင့်​သူ​၏​အ​ဖော်​တို့​ခြေ​ဆေး​ရန်​ရေ ကို​လည်း​ယူ​ခဲ့​သည်။-

33 သူ​တို့​အ​တွက်​စား​စ​ရာ​ကို​ပြင်​ဆင်​ပြီး​သော အ​ခါ​ထို​သူ​က``ကျွန်ုပ်​ပြော​စ​ရာ​ရှိ​သ​မျှ ကို​ပြော​ပြ​ပြီး​မှ​အ​စာ​စား​ပါ​မည်'' ဟု​ဆို လေ​၏။လာ​ဗန်​က``ပြော​ပါ'' ဟု​ဆို​၏။-

34 ထို​သူ​က``ကျွန်ုပ်​သည်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ ဖြစ်​ပါ​သည်။-

35 ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​၏​သ​ခင်​အား​ကောင်း ချီး​မင်္ဂ​လာ​များ​စွာ​ချ​ပေး​သ​ဖြင့် သူ​သည်​ကြွယ် ဝ​ချမ်း​သာ​လာ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​အား​သိုး​အုပ်၊ ဆိတ်​အုပ်၊ ရွှေ၊ ငွေ၊ ကျွန်​ယောကျာ်း၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​ကို​ပေး တော်​မူ​ပြီ။-

36 ကျွန်ုပ်​သ​ခင်​၏​မ​ယား​စာ​ရာ​သည်​အ​ရွယ်​အို မှ​သား​တစ်​ယောက်​ကို​ဖွား​မြင်​ခဲ့​သည်။ ကျွန်ုပ် ၏​သခင်​သည်​ထို​သား​အား​မိ​မိ​ပိုင်​ဆိုင်​သ​မျှ တို့​ကို​ပေး​အပ်​ထား​ပါ​သည်။-

37 သ​ခင်​က​လည်း​ကျွန်ုပ်​အား`သင်​သည်​ငါ​၏​သား အ​တွက် မ​ယား​ကို​ခါ​နာန်​ပြည်​ရှိ​အ​မျိုး​သ​မီး များ​ထဲ​မှ​မ​ရှာ​ရ။-