ကမ္ဘာ​ဦး 24:56-62 BCL

56 ထို​သူ​က``ကျွန်ုပ်​ကို​မ​တား​ပါ​နှင့်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​လာ​ရ​သော​ကိစ္စ​ကို​ထ​မြောက် အောင်​မြင်​စေ​တော်​မူ​ပြီ​ဖြစ်​၍​သ​ခင့်​ထံ​သို့ ပြန်​ပါ​ရ​စေ'' ဟု​ပြန်​ပြော​၏။

57 တစ်​ဖန်​သူ​တို့​က``မိန်း​က​လေး​ကို​ခေါ်​၍​သူ ၏​သ​ဘော​ကို​မေး​ကြည့်​ကြ​ပါ​စို့'' ဟု​ပြော ကြ​၏။-

58 သူ​တို့​သည်​ရေ​ဗက္က​ကို​ခေါ်​၍``သင်​သည်​ဤ​သူ နှင့်​အ​တူ​လိုက်​သွား​လို​သ​လော'' ဟု​မေး​၏။``လိုက်​သွား​ပါ​မည်'' ဟု​ဖြေ​ကြား​သ​ဖြင့်၊

59 ရေ​ဗက္က​နှင့်​သူ​၏​အ​ထိန်း​ကို​အာ​ဗြ​ဟံ​၏ အ​စေ​ခံ​လူ​စု​နှင့်​အ​တူ​လိုက်​ပါ​သွား​စေ ကြ​၏။-

60 သူ​တို့​က၊``ငါ​တို့​၏​နှမ​သည်​လူ​ပေါင်း​သိန်း​သန်း​တို့​၏ မိ​ခင်​ဖြစ်​ပါ​စေ။သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ရန်​သူ​တို့​၏​မြို့ များ​ကို တိုက်​ခိုက်​အောင်​မြင်​ကြ​ပါ​စေ'' ဟု​ဆို​၍ရေ​ဗက္က​အား​ကောင်း​ချီး​ပေး​ကြ၏။

61 ထို​နောက်​ရေ​ဗက္က​နှင့်​သူ​၏​ကျွန်​မ​များ​တို့​သည် ကု​လား​အုတ်​များ​ကို​စီး​၍ အာ​ဗြ​ဟံ​၏​အ​စေ ခံ​နှင့်​အ​တူ​လိုက်​ပါ​သွား​ကြ​လေ​သည်။

62 ဣ​ဇာက်​သည်``ငါ့​ကို​မြင်​တော်​မူ​သည့်​အ​သက်​ရှင် တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟူ​သော​နာ​မည် ရှိ​ရာ​တော​ကန္တာရ​သို့​ရောက်​လာ​၍ ခါ​နာန်​ပြည် တောင်​ပိုင်း​တွင်​နေ​ထိုင်​လျက်​ရှိ​၏။-