ကမ္ဘာ​ဦး 27:38-44 BCL

38 ဧ​သော​က``အို အ​ဖ၊ ဖ​ခင်​ထံ​၌​ပေး​စ​ရာ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​မျှ​မ​ကျန်​ပါ သ​လော။ ကျွန်​တော့်​ကို​လည်း​ကောင်း​ချီး​မင်္ဂလာ ပေး​ပါ​ဦး'' ဟု​ဖ​ခင်​အား​ဆက်​လက်​တောင်း​ပန် ၍​ငို​ကြွေး​လေ​၏။

39 ထို​အ​ခါ​ဣ​ဇာက်​က၊``သင့်​လယ်​များ​သည်​မြေ​သြ​ဇာ​မ​ရှိ၊မိုး ကောင်း​ကင်​မှ နှင်း​ကို​လည်း​မ​ရ​နိုင်။

40 သင်​သည်​ကိုယ့်​ဋ္ဌား​ဖြင့်​အ​သက်​မွေး​ရ​မည်။ သင်​၏​ညီ​အ​စေ​ကို​ခံ​ရ​မည်။သို့​ရာ​တွင်​သင်​သည်​ကြိုး​ပမ်း​အား​ထုတ်​လျှင်၊သူ​၏​အ​ချုပ်​အ​နှောင်​မှ​လွတ်​မြောက်​လိမ့်​မည်'' ဟု​ဆို​လေ​၏။

41 ယာ​ကုပ်​သည်​ဖခင်​ထံ​မှ​ကောင်းချီး​မင်္ဂလာ​ကို ခံ​ရ​သ​ဖြင့် ဧ​သော​သည်​သူ့​အား​ရန်​ငြိုး​ထား ၏။ ဧ​သော​က``ဖ​ခင်​အ​နိစ္စ​ရောက်​လျှင်​ရောက် ခြင်း​ယာ​ကုပ်​ကို​ငါ​သတ်​ပစ်​မည်'' ဟု​ကြုံး ဝါး​လေ​၏။

42 ရေ​ဗက္က​သည်​ဧ​သော​၏​အ​ကြံ​ကို​ကြား​သိ​ရ သ​ဖြင့် ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အစ်​ကို​ဧ​သော သည်​သင့်​အား​လက်​စား​ချေ​သတ်​ပစ်​ရန်​အ​ကြံ ထုတ်​လျက်​ရှိ​သည်။-

43 ငါ့​သား၊ ငါ​ပြော​သည့်​အ​တိုင်း​ပြု​လုပ်​လော့။ ခါ​ရန် မြို့​၌​နေ​ထိုင်​သော​ငါ​၏​အစ်​ကို​လာ​ဗန်​ထံ​သို့ ယ​ခု​ချက်​ချင်း​သွား​ရန်​ပြင်​လော့။-

44 သင်​၏​အစ်​ကို​စိတ်​ပြေ​၍​သင်​သူ့​အား​ပြု​မိ သ​မျှ​ကို​မေ့​ပျောက်​သည့်​အ​ချိန်​အ​ထိ​သူ့​ထံ ၌​ခေတ္တ​တည်း​ခို​နေ​ထိုင်​လော့။-