ကမ္ဘာ​ဦး 28:17-22 BCL

17 သူ​သည်​ကြောက်​ရွံ့​လျက်``ဤ​အ​ရပ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ရပ်​ဖြစ်​ပါ​သည်​တ​ကား။ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဗိ​မာန်​ကောင်း​ကင်​ဘုံ တံ​ခါး​ဝ​ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။

18 ယာ​ကုပ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော အိပ်​ရာ​မှ နိုး​ထ​၍​သူ​ခေါင်း​အုံး​သော​ကျောက်​တုံး​ကို​ယူ​ပြီး လျှင် မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။ ထို​နောက်​မှတ် တိုင်​ပေါ်​တွင်​သံ​လွင်​ဆီ​လောင်း​လျက် ထို​မှတ်​တိုင် ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​လေ​၏။-

19 ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့်​ခေါ်​လေ သည်။ (ယ​ခင်​က​ထို​မြို့​ကို​လု​ဇ​ဟု​ခေါ်​တွင်​၏။)-

20 ထို​နောက်​ယာ​ကုပ်​က​ထာ​ဝ​ရ​ဘု​ရား​အား ``ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​၍ အ​ကျွန်ုပ်​သွား​ရ​မည့်​ခ​ရီး​၌​စောင့်​ရှောက်​လျက် အ​စား​အ​စာ​နှင့်​အ​ဝတ်​ကို​ပေး​သ​နား​တော် မူ​ပြီး​လျှင်၊-

21 အ​ကျွန်ုပ်​ဖ​ခင်​အိမ်​သို့​ချော​မော​စွာ​ပြန်​လည်​ပို့ ဆောင်​တော်​မူ​ပါ​က​ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် ဘု​ရား​ဖြစ်​တော်​မူ​မည်။-

22 အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။