23 ထိုနေ့ည၌လာဗန်သည်ရာခေလအစားလေအာ ကို ယာကုပ်ထံသို့ပို့သဖြင့်သူသည်လေအာနှင့် အိပ်လေ၏။-
24 (လာဗန်သည်မိမိ၏ကျွန်မဇိလပကိုလေအာ ၏အထိန်းအဖြစ်ပေးအပ်လိုက်၏။-)
25 မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။
26 ထိုအခါလာဗန်က``ဤအရပ်ဒေသတွင်သမီး အကြီးကိုအိမ်ထောင်မချမီ သမီးအငယ်ကို အိမ်ထောင်ချသည့်ထုံးစံဋ္ဌလေ့မရှိပါ။-
27 သင်သည်ငါ့ထံ၌နောက်ထပ်ခုနစ်နှစ်အလုပ် လုပ်ဦးမည်ဆိုလျှင် မင်္ဂလာပွဲရက်သတ္တတစ်ပတ် ကုန်သောအခါသင့်အားရာခေလနှင့်ပေး စားပါမည်'' ဟုဆိုလေသည်။
28 ယာကုပ်သည် သဘောတူလက်ခံလေ၏။ မင်္ဂလာပွဲ ရက်သတ္တပတ်ကုန်ဆုံးသောအခါ လာဗန်သည် သမီးရာခေလကို ယာကုပ်နှင့်ပေးစား၏။-
29 (လာဗန်သည် မိမိ၏ကျွန်မဗိလဟာကို ရာခေလ၏အထိန်းအဖြစ်ပေးအပ်လိုက်၏။-)