ကမ္ဘာ​ဦး 29:5-11 BCL

5 တစ်​ဖန်​ယာ​ကုပ်​က``နာ​ခေါ်​၏​သား​လာ​ဗန်​ဆို သူ​ကို​သိ​ပါ​သ​လော'' ဟု​မေး​၏။``သိ​ပါ​သည်'' ဟု​ပြန်​ဖြေ​ကြ​၏။

6 နောက်​တစ်​ဖန်​ယာ​ကုပ်​က``သူ​ကျန်း​မာ​ပါ သ​လော'' ဟု​မေး​၏။သူ​တို့​က``ကျန်း​မာ​ပါ​၏။ ယ​ခု​ပင်​သူ​၏​သ​မီး ရာ​ခေ​လ​သည်​သိုး​အုပ်​နှင့်​အ​တူ​လာ​နေ​ပြီ'' ဟု​ဆို​ကြ​၏။

7 ယာ​ကုပ်​က``ယ​ခု​နေ​မြင့်​သေး​သ​ဖြင့်​သိုး​အုပ် များ​ကို​သိမ်း​သွင်း​ရန်​အ​ချိန်​မ​ရောက်​သေး။ သင် တို့​သည်​သိုး​များ​ကို​ရေ​တိုက်​ပြီး​လျှင် စား ကျက်​သို့​ပြန်​၍​ပို့​ဦး​လော့'' ဟု​ပြော​လေ​၏။

8 ထို​အ​ခါ​သူ​တို့​က``ကျွန်ုပ်​တို့​ထို​သို့​မ​ပြု လုပ်​နိုင်​ပါ။ သိုး​အုပ်​အား​လုံး​ဤ​အ​ရပ်​သို့ ရောက်​ရှိ​၍​ကျောက်​တုံး​ကို​ရွှေ့​ပြီး​မှ​သိုး​တို့ ကို​ရေ​တိုက်​ရ​ပါ​သည်'' ဟု​ပြန်​ဖြေ​ကြ​၏။

9 ယာ​ကုပ်​သည်​သိုး​ကျောင်း​သား​တို့​နှင့်​စကား ပြော​ဆို​နေ​စဉ်​ဖ​ခင်​၏​သိုး​တို့​ကို​ထိန်း​ကျောင်း ရ​သော​ရာ​ခေ​လ​သည်​သိုး​အုပ်​နှင့်​အ​တူ​လာ နေ​၏။-

10 ယာ​ကုပ်​သည်​သူ​၏​ဦး​ရီး​လာ​ဗန်​သိုး​အုပ် နှင့်​အ​တူ​ရာ​ခေ​လ​ရောက်​ရှိ​လာ​သော​အ​ခါ ရေ​တွင်း​သို့​သွား​၍​ကျောက်​တုံး​ကို​ရွှေ့​ဖယ်​ပြီး လျှင်​လာ​ဗန်​၏​သိုး​တို့​ကို​ရေ​တိုက်​လေ​၏။-

11 ထို​နောက်​သူ​သည်​ရာ​ခေ​လ​ကို​နမ်း​၍ ဝမ်း သာ​သော​ကြောင့်​ငို​ကြွေး​လေ​၏။-