9 ယာကုပ်သည်သိုးကျောင်းသားတို့နှင့်စကား ပြောဆိုနေစဉ်ဖခင်၏သိုးတို့ကိုထိန်းကျောင်း ရသောရာခေလသည်သိုးအုပ်နှင့်အတူလာ နေ၏။-
10 ယာကုပ်သည်သူ၏ဦးရီးလာဗန်သိုးအုပ် နှင့်အတူရာခေလရောက်ရှိလာသောအခါ ရေတွင်းသို့သွား၍ကျောက်တုံးကိုရွှေ့ဖယ်ပြီး လျှင်လာဗန်၏သိုးတို့ကိုရေတိုက်လေ၏။-
11 ထိုနောက်သူသည်ရာခေလကိုနမ်း၍ ဝမ်း သာသောကြောင့်ငိုကြွေးလေ၏။-
12 သူက``ငါသည်ရေဗက္က၏သား၊ သင့်ဖခင်၏ ဆွေမျိုးရင်းချာဖြစ်သည်'' ဟုရာခေလအား ပြောလေ၏။ရာခေလသည်ပြေး၍ဖခင်အားထိုအကြောင်း ကိုပြောပြလေ၏။-
13 လာဗန်သည်သူ၏တူယာကုပ်၏သတင်းကို ကြားရလျှင်ပြေး၍ သူ့အားဆီးကြိုဖက်ယမ်း နမ်းရှုပ်ပြီးလျှင်နေအိမ်သို့ခေါ်ဆောင်ခဲ့လေ သည်။ ယာကုပ်ကဖြစ်ခဲ့သမျှအကြောင်းကို အကုန်အစင်ပြောပြသောအခါ၊-
14 လာဗန်က``သင်သည်ငါ၏သွေးရင်းသားရင်း ပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ ယာကုပ် သည်လည်းဦးရီးအိမ်တွင်တစ်လကြာမျှနေ ထိုင်လေသည်။
15 လာဗန်ကယာကုပ်အား``သင်သည်ငါ၏ဆွေမျိုး ဖြစ်သောကြောင့် ငါ့အတွက်အခမဲ့လုပ်ကိုင်မ ပေးသင့်။ သင်လိုချင်သည့်အခကိုတောင်းလော့'' ဟုဆိုလေ၏။-