ကမ္ဘာ​ဦး 30:26-32 BCL

26 ကျွန်ုပ်​သည်​ဦး​ရီး​ထံ​၌​အ​လုပ်​လုပ်​၍​ရ​သော မ​ယား​များ​နှင့်​တ​ကွ သား​သ​မီး​တို့​ကို​ခေါ် ဆောင်​လျက်​ထွက်​ခွာ​သွား​ပါ​ရ​စေ။ ကျွန်ုပ်​သည် ဦး​ရီး​အ​တွက်​မည်​မျှ​ကြိုး​စား​လုပ်​ကိုင်​ပေး ခဲ့​ကြောင်း​ဦး​ရီး​သိ​ပါ​၏'' ဟု​ပြော​လေ​၏။

27 ထို​အ​ခါ​လာ​ဗန်​က``ငါ​လည်း​ပြော​ပါ​ရ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကြောင့်​ငါ့​အား ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို​ငါ​သိ မြင်​လာ​ရ​ပြီ။-

28 သင်​အ​လို​ရှိ​သော​အ​ခ​ကို​ပြော​ပါ။ ထို​အ​ခ ကို​ငါ​ပေး​မည်'' ဟု​ဆို​လေ​၏။

29 ယာ​ကုပ်​က``ကျွန်ုပ်​သည်​ဦး​ရီး​အ​တွက်​မည်​ကဲ့ သို့​လုပ်​ကိုင်​ပေး​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်ုပ် ၏​ထိန်း​ကျောင်း​မှု​ကြောင့်​ဦး​ရီး​၏​တိ​ရစ္ဆာန်​များ မည်​မျှ​တိုး​ပွား​လာ​ကြောင်း​ကို​လည်း​ကောင်း ဦး​ရီး​သိ​မြင်​ရ​ပါ​ပြီ။-

30 ကျွန်ုပ်​မ​ရောက်​မီ​က​ဦး​ရီး​၌​တိ​ရစ္ဆာန်​အ​နည်း ငယ်​မျှ​သာ​ရှိ​၍ ယ​ခု​မြောက်​မြား​စွာ​တိုး​ပွား လျက်​ရှိ​ပါ​သည်။ ကျွန်ုပ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ဦး​ရီး​အား​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ယ​ခု​ကျွန်ုပ်​သည်​ကိုယ့်​စီး​ပွား​ကို​ရှာ​ရ​မည့် အ​ချိန်​ရောက်​ပါ​ပြီ'' ဟု​ဆို​လေ​၏။

31 ထို​အ​ခါ​လာ​ဗန်​က``သင့်​အ​တွက်​အ​ခ​မည် မျှ​ပေး​ရ​မည်​နည်း'' ဟု​မေး​၏။ယာ​ကုပ်​က``အ​ခ​မ​ယူ​လို​ပါ။ ဦး​ရီး​က ကျွန်ုပ်​၏​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ​လျှင် ကျွန်ုပ်​သည်​ဦး​ရီး​၏​တိရစ္ဆာန်​များ​ကို​ဆက် လက်​ထိန်း​ကျောင်း​ပါ​မည်။-

32 ယ​နေ့​ကျွန်ုပ်​သည်​တိ​ရစ္ဆာန်​အုပ်​တို့​ကို​လှည့်​လည် ၍​ကြည့်​ရှု​ပါ​မည်။ ၎င်း​တို့​အ​ထဲ​တွင်​တွေ့​ရှိ​ရ သော​သိုး​အ​နက်​နှင့်​အ​ပြောက်​အ​ကျား​ဆိတ် များ​ကို​ကျွန်ုပ်​ယူ​ပါ​မည်။ ထို​တိ​ရစ္ဆာန်​တို့​သည် ကျွန်ုပ်​အ​တွက်​အ​ခ​ဖြစ်​ပါ​စေ။-