ကမ္ဘာ​ဦး 31:10-16 BCL

10 ``တိ​ရစ္ဆာန်​များ​မိတ်​လိုက်​ချိန်​၌​ငါ​သည်​အိပ်​မက် မြင်​မက်​ရာ​အိပ်​မက်​ထဲ​တွင်​မိတ်​လိုက်​နေ​သော တိ​ရစ္ဆာန်​အ​ထီး​တို့​သည် အ​ကွက်၊ အ​ပြောက်၊ အ​ကျား​များ​ပါ​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။-

11 အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​က`ယာ​ကုပ်' ဟု​ခေါ်​လျှင်​ငါ​က`ရှိ​ပါ သည်​အ​ရှင်' ဟု​ထူး​သော်၊-

12 ကောင်း​ကင်​တ​မန်​က`သင့်​အား​လာဗန်​ပြု​မူ သ​မျှ​တို့​ကို​ငါ​မြင်​ရ​သ​ဖြင့် မိတ်​လိုက်​နေ သော​ဆိတ်​အ​ထီး​အား​လုံး​တို့​သည် အ​ကွက်၊ အ​ပြောက်​အ​ကျား​များ​ပါ​ရှိ​စေ​ရန်​ငါ စီ​ရင်​ပြီ။-

13 ငါ​သည်​ကား​ဗေ​သ​လ​အ​ရပ်​၌​သင်​ကျောက် တုံး​ကို​မှတ်​တိုင်​အ​ဖြစ်​တည်​၍ သံ​လွင်​ဆီ လောင်း​လျက်​ဆက်​ကပ်​ပြီး​လျှင်​ငါ့​အား​သစ္စာ ပြု​သော​အ​ခါ သင်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​သည်​ဤ​ပြည်​မှ ထွက်​၍​သင်​၏​နေ​ရင်း​ပြည်​သို့​ပြန်​ရန်​ယ​ခု ပြင်​ဆင်​လော့' ဟု​ငါ့​အား​မိန့်​တော်​မူ​လေ သည်'' ဟု​ဆို​၏။

14 ရာ​ခေ​လ​နှင့်​လေ​အာ​တို့​က``ကျွန်​မ​တို့​သည် ဖ​ခင်​ထံ​မှ​အ​မွေ​ရ​စ​ရာ​မ​ရှိ​တော့​ပါ။-

15 ဖ​ခင်​သည်​ကျွန်​မ​တို့​အား​သူ​စိမ်း​များ​ကဲ့​သို့ ဆက်​ဆံ​ပါ​သည်။ ကျွန်​မ​တို့​ကို​ရောင်း​စား​၍​ရ သ​မျှ​ငွေ​ကို​သုံး​စွဲ​ခဲ့​လေ​ပြီ။-

16 ကျွန်​မ​တို့​၏​ဖ​ခင်​ထံ​မှ​ဘု​ရား​သ​ခင်​သိမ်း​ယူ တော်​မူ​သော​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို ကျွန်​မ တို့​၏​သား​သ​မီး​များ​ပိုင်​ပါ​သည်။ ဘု​ရား​သ​ခင် မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​ပါ​လော့'' ဟု​ယာ​ကုပ်​အား​ပြော​ကြ​၏။